အခန်း(၂၆)

132 15 4
                                    

အခန်း(၂၆)

လွှတ်ပေး။






ဆရာဖြစ်သူမှ စိတ်ဆိုးမည်ထက် သူမ Gu Feiyan  မှာ ကြောက်ရွံ့သော အရာမရှိခဲ့ပေ။ သူ ကြီးမြတ်သော စစ်သူကြီးမှာ အလွန်အမင်း သိက္ခာအား ဂရုမစိုက်သောကြောင့်သာ သူမက ထိတ်လန့်သွားရသည်။ သူက ရှောင်တိမ်းခြင်း မပြုလည်း ကောင်းမွန်သည်။ သူမက စိတ်ပူနေစရာ အကြောင်းအရင်း မရှိသကဲ့သို့ အပြစ်ရှိစိတ်လည်း မရှိပေ။ Gu Feiyan  မှာ ရုန်းကန်နေခြင်း ရပ်တန့်ကာ ပြောလိုက်သည်။ “ကိုကိုယိဖေးက အခုလို စိတ်ပျော်နေမှတော့ ညီမလေးက အဆုံးအထိ လိုက်ခဲ့မှာပါ။"

ပထမတွင်  Cheng Yifei  မှာ မှင်သက်သွားပြီး မကြာခင်တွင် အားပါးတရ ရယ်မောလိုက်တော့သည်။ အခြားသူများ မဆိုထားနှင့် သူက စိတ်ကောင်းဝင်နေကြောင်း Gu Feiyan  မှပင် ပြောနိုင်သည်။ မူလတွင် Cheng Yifei  မှာ သူမအား ခြိမ်းခြောက်လိုသော်လည်း သူမက အလွန်ရဲတင်းနေသည်အား မြင်လျှင် သဘာဝကျစွာဖြင့် စီးမျောလိုက်တော့သည်။ သူက ထိုဂုဏ်သတင်းဆိုသော အရာအား မည်သည့်အချိန်ကမှ စိတ်ထဲမထားခဲ့ပေ။ သူက ချီယုဖြင့် ​စေ့စပ်ထားသူ မိန်းကလေး၏ ကယ်ပေးခြင်းခံရသည်ဟု လှောင်ပြောင်ခံရမည့်အစား ထိုသူအပေါ်   ဦးထုတ်စိမ်း ဆောင်းပေးလိုက်သည်ဟူ၍ ကဲ့ရဲ့ ခံလိုက်မည်။

Qi Yu မှာ ညဉ့်နက်သန်းခေါင် သူမ၏ အိမ်သို့ စေ့စပ်ပွဲဖျက်ရန် သွားခဲ့ကြောင်းတော့ Cheng Yifei  မှာ မသိသေးချေ။ Qi Yu မှ ဤသတင်းကြားလျှင် ဖြစ်ပျက်နေမည့် အမူအရာအား သူက မျှော်လင့်နေမိသည်။ ဒီမိန်းမက ချီမိသားစုကို စိတ်ဆိုးစေပြီး စေ့စပ်ပွဲ ဖျက်ခံရမှာ မကြောက်ဘူးလား။

ထိုသို့ဖြင့်  Gu  Feiyan  နှင့်  Cheng Yifei  တို့မှာ တစ်ယောက်နှင့်တစ်ယောက် ပုခုံးအားဖက်ရင်း ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ လမ်းလျှောက်သွားလိုက်တော့သည်။ သူတို့က အခန်းသို့ ရောက်သည်နှင့် Gu Feiyan မှာ Cheng Yifei  ၏ လက်များမှာ ရုန်းလိုက်ပြီး နောက်ဆုတ်လိုက်သည်။

သူမက ကောလဟာလများအား စိတ်ထဲမထားခြင်းမှာ လွယ်ကူမိန်းမဟု မဆိုလိုပေ။

Cheng Yifei  မှာ မျက်ခုံးပင့်ကာ သူမအား ကြည့်လိုက်သော်လည်း သူမအတွက် ထပ်မံ၍ အခက်အခဲများ ပြုလုပ်ခြင်း မရှိတော့ပေ။ သူက စားပွဲထိုးအား လျင်မြန်စွာ ခေါ်ကာ အစားအသောက်နှင့် ဝိုင်များမှာယူလိုက်သည်။  ထို့နောက် သူက ပြောလိုက်သည်။ “ဟင်းပွဲတွေ မြန်မြန်ချပေး။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now