အခန်း(၄၈)

105 10 0
                                    

အခန်း(၄၈)

ကျင်းဝမ်၏ ကိုယ်ရေးကိုယ်တာ။





Xia Xiaoman ၏ အံ့အားသင့်နေသည့် အမူအရာကို မြင်လိုက်ရလျှင် Gu Feiyan မှာ အတော်လေး ပြီးမြောက်အောင်မြင်မှုကို ခံစားလိုက်ရသည်။ သူမ၏ အသံသည်ပင် ခေါင်းလောင်းသံကဲ့သို့ ကြည်လင်နေသည်။ "မန်ကုန်းကုန်း၊ တကယ်လို့ ငါမမှားရင် မင်းရဲ့ကတိကို လိုက်နာဖို့ ငါမင်းကို ဒုက္ခပေးရလိမ့်မယ်။"

“မင်း…”

Xia Xiaoman မှာ ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ၏ အမူအရာတွင် အံ့ဩခြင်းတစ်ခုသာမက ကလေးဆန်သော စိတ်တစ်ခုလည်း ပါဝင်နေသည်။ ထိုမှသာ Gu Feiyan မှာ ဤကလေးသည် ရင့်ကျက် ထောင်လွှား ဟန်ဆောင်နေခြင်း မဟုတ်ပဲ အမှန်တကယ် ချစ်စရာကောင်းသော ကလေးတစ်ယောက်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

“မန်ကုန်းကုန်း.. မင်းရဲ့ကတိကို မတည်လို့ မဖြစ်ဘူးမလား။"

ပြောစရာမလိုအောင် အမြဲတစေ မာနကြီးသော Xia Xiaoman မှာ ယခုအချိန်တွင် အတော်လေးကို ယုံကြည်သွားသည်။ သို့သော်လည်း သူက ဘယ်လောက်ပဲ ယုံကြည်နေပါစေ Gu Feiyan ကို လွယ်လွယ် မယုံချင်သေးပြန်ပေ။ အဆုံးတွင် Mang Zhong ထံမှ ကျင်းဝမ်သည် ယခုတိုင် သူမ၏ အထောက်အထားကို သံသယရှိနေဆဲဖြစ်ပြီး ကုမိသားစု၏ သမီးအစစ်မဟုတ်နိုင်ကြောင်းလည်း ပြောခဲ့သည်။

Xia Xiaoman မှာ ကြိုတင်ပြင်ဆင်ထားသော အဖြေကို ပေးလိုက်သည်။ "ကောင်းပြီ။ အနာဂါတ်မှာ၊ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို မင်းကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးရလိမ့်မယ်။ မင်းပြောတာကို ငါတို့နားထောင်မယ်။ အရှင့်သားကျင်းဝမ် ဆီလည်း မင်းအတွက် စကားကောင်းပြောပေးမယ်။ စိတ်ပူစရာ မလိုဘူး။"

Gu Feiyan မှာ အလွန်အမင်း ဝမ်းသာသွားပြီး ပြောလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်။ မန်ကုန်းကုန်း… ဒီဆေးတွေအကြောင်း နားမလည်တာနည်းနည်း ရှိတယ်။ အခု တိုင်ပင်ချင်ပါတယ်။"

Gu Feiyan မှ စကားဆုံးသည်နှင့် Mang Zhong မှာ ရုတ်တရက် အပြင်ဘက်မှ ပြေးဝင်လာပြီး နှစ်ယောက်ကို ထောင့်တစ်နေရာသို့ တိုက်မိလုနီးပါးပင်။ သူက အလွန်စိုးရိမ်နေလေသည်။ "Xiaoman၊ မြန်မြန်လုပ်၊ အရှင့်သားအတွက် ဆေးရေချိုးဖို့ ပြင်ဆင်ပေး၊ မြန်မြန်လုပ်၊ အရှင့်သား.. သူ..."

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now