အခန်း(၁၅)

210 21 0
                                    

အခန်း(၁၅)

ထက်မြက်တယ်။




လုပ်ဝံ့လား။

အသေအချာပင် Gu Feiyan သတ္တိရှိလေသည်။ မဟုတ်လျှင် သူမက လှုပ်ရှားခဲ့မည် မဟုတ်ပေ။

မူလတွင် သူမက ကောလဟာလများအား ရှင်းလင်းရန် အလျင်မလိုချေ။ သို့တိုင် Wen Yurou မှာ ကိုယ့်သေတွင်းကိုယ်တူးနေသဖြင့် သူမက ဤအခွင့်အရေးအား အသုံးမချနိုင်လျှင် တစ်ချိန်က မူလပိုင်ရှင်မှ ကြုံတွေ့ခဲ့ရသော အရှက်တရားနှင့် ဖိနှိပ်မှုအတွက် အမှန်တကယ် လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။

မူလပိုင်ရှင်မှာ ကြောက်တတ်သူလေးတစ်ယောက်ဖြစ်သော်လည်း သူမကမူ လုပ်ရဲကိုင်ရဲသော ကျားတစ်ကောင်ဖြစ်သည်။ သူမက မကိုက်တာတောင် ကောင်းနေပြီ။ သူမကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ အနိုင်ကျင့်ခွင့်ပေးရမှာလဲ။

Gu Feiyan မှာ Shangguan Yinghong ၏သတိပေးသော အကြည့်အား လျစ်လျူရှုကာ အန္တရာယ်ကင်းသော အပြုံးဖြင့် ဆက်ပြောလိုက်သည်။

"ဆေးပို့တဲ့ လမ်းမှာ ကျွန်မက လုပ်ကြံသူရဲ့ ခြုံခိုတိုက်ခိုက်တာကိုခံရပြီး တရားရုံးတော်က စုံစမ်းစစ်ဆေးနေတယ်။ တရားရေးရုံးတော်ရဲ့ အငယ်တန်းအရာရှိ သခင် Gong က သံသယဖြစ်စရာ ဘယ်သူ့ကိုမဆို သတင်းပို့ဖို့ မှာထားတယ်။ Wen Yurou က ကောလဟာလကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ပြီး စစ်သူကြီး Cheng ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ သူမကို တခြားသူက ခိုင်းတာပဲဖြစ်ဖြစ်၊ မခိုင်းတာပဲဖြစ်ဖြစ် စုံစမ်းကြည့်တာ ပိုကောင်းလိမ့်မယ်။ အကြီးတန်း ဆေးဝါးပညာရှင် Shangguan... ရှင်က ဘယ်လိုထင်လဲ။"

Shangguan Yinghong မှာ အေးစက်စွာဖြင့် ပါးစပ်အပြည့် အသက် ရှူလိုက်ရသည်။ သူမက မူလတွင် ဒေါသဖြစ်နေခဲ့သော်လည်း ယခုတွင်တော့ လုံးလုံးလျားလျား ထိတ်လန့်သွားသည်။ သူမက Gu Feiyan အား ပြန်လည်အကဲဖြတ်ရန် လိုအပ်နေသည်။ ဒီမိန်းကလေးက ရဲရင့်ရုံတင်မကဘူး အရမ်း ထက်မြက်တယ်။

ပထမဦးစွာ Gu Feiyan မှ ကျင့်ဝတ်ဖောက်ဖျက်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထိုကိစ္စများမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ခြင်းပြုနိုင်သော ကိစ္စမဟုတ်ပေ။ ကိစ္စမှာ တရားရုံးတော်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် Wen Yurou မှာ ခုတုံးအဖြစ် အသုံးချခံရကာ ဥပမာပေးရန် အပြစ်ပေးခံရလိမ့်မည်။ ဝမ်မိသားစု၏ နောက်ခံမှာ မဆိုးလှပေ။ သို့တိုင် စစ်သူကြီးနှစ်ဦး အိမ်တော်မှ ဖိအားများအား ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now