အပိုင်း ၂ / အပိုငျး ၂

4.2K 298 4
                                    

Unicode

“ကျွန်မ မလုပ်ရဲပါဘူး အမေ”

စုချင်က လီရှီအား တွဲကူဖို့ သွားလိုက်ပေမယ့် လီရှီက သူမလက်မောင်းကို အလွန်အကြူး ဖိညှစ်ထားတာမို့ သူမမျက်နှာက နာကျင်မှုကြောင့် ဖြူဖျော့သွားတော့သည်။

စုချင်က နာကျင်နေပေမဲ့ စကားတစ်လုံးမှလည်း မပြောရဲပေ၊၊ ဤသည်ကို မြင်သည်နှင့် လီရှီက သဘောတကျဖြင့် လှောင်ပြုံးပြုံးလိုက်သည်။

“ထင်ထားတဲ့အတိုင်းပဲ နင်က မသိတတ်တဲ့ မိန်းမပဲ ငါရောက်လာတာကို ကြားတာတောင် နင်က ငါ့ကို အပြင်ထွက်ပြီးတောင် လာမကြိုဘူး။ ချန်အာသေသွားတော့ ငါ့ကို နင့်ယောက္ခမတစ်ယောက်အနေနဲ့ မလေးစားတော့တာလား? နင်ကတော့ ကုလို့မရတော့ဘူး ခွေးမ!”

သူမရဲ့ လက်မောင်းက နာကျင်နေသော်လည်း စုချင်ခမျာ သူမလက်မောင်းကို ပွတ်တောင်မပွတ်ရဲပေ။ သူမက မြန်မြန်ပဲ ခေါင်းကိုယမ်းပြီး ပြောလိုက်သည်။

“အမေ ကျွန်မ တကယ် အဲ့လိုမလုပ်ရဲပါဘူး။ ယောင်အာက သတိလစ်သွားရာကနေ ခုမှ နိုးလာလို့ သူ့ကို အရမ်း စိုးရိမ်နေမိတာနဲ့ အချိန်မီ မတုန့်ပြန်နိုင်လိုက်တာပါ”

လီရှီရဲ့ မျက်လုံးတို့က အနည်းငယ် ပြူးကျယ်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ

“ဒီတော့ နင်ပြောချင်တာ ငါက နင့်ကို စွပ်စွဲနေတယ်ပေါ့လေ? နင့်ရဲ့ လှည့်ကွက်လေးတွေကို ငါက သတိမထားမိဘူးလို့တော့ ထင်မနေနဲ့၊ ချန်အာ အသက်ရှင်တုန်းက ကိုယ့်အမေကို ထပ်ပြီး မလေးစားတော့အောင်လို့ သူ့ကို နင်က တိတ်တိတ်လေး လှုံ့ဆော်နေခဲ့တာလေ။ နင်က ငါတို့မိသားစုကို ခွဲနေတာပဲ! အခု ချန်အာ သေသွားတော့ ငါ့ကို ပိုပြီး မလေးမစား လုပ်လာတာပဲ! နင်က အဆိပ်ရှိတဲ့ မိန်းမပဲ! အကယ်၍ ဒါကိုသာ အစောကြီးကတည်းက သိခဲ့ရင် နင့်ကို ထားပစ်ခဲ့ဖို့ ချန်းအာကို ငါပြောခဲ့မှာ! ဒီလိုဆိုရင် ငါ့မှာလည်း တစ်အိမ်လုံး မြေးတွေနဲ့ ပြည့်နေလိမ့်ဦးမယ်!”

အိပ်ရာပေါ်တွင်တော့ မုယွမ်ယောင်က သူမအမေအား ပြောနေသည့် လူမဆန်သည့်စကားများကို ကြားလိုက်ရတာကြောင့် သူမရင်ထဲ မီးတောက်နေတော့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now