အပိုင်း ၁၅၂ /အပိုင္း ၁၅၂

1.2K 128 3
                                    

Unicode

အပိုင်း ၁၅၂ - ကျောက်စိမ်းရောင်လို ဝါးပင်ငယ်

အထိန်းတော်ချင်းက ဝေ့ယီ၊ယွင်းချွန်း နှင့် အခြားသူတွေ အဝတ်အစားများ လဲနေသည်ကိုမြင်ပြီးနောက် အိမ်ရှေ့ခြံဝင်းတွင် ထိုင်စောင့်နေလိုက်သည်။ မုယွမ်ယောင် တက်လာတာကို မြင်တော့ ချက်ချင်းပဲ သူမကို အထဲကို ခေါ်လိုက်သည်။
"မိန်းကလေး၊ ကြည့်ကြည့်ပါဦး… အဆင်ပြေရဲ့လား"

"မင်္ဂလာပါ မိန်းကလေးမု"

လူငါးဆယ်က တစ်ခဲနက် အလေးပြုလာသည်။ သူတို့၏ အဖြူရောင်၀တ်စုံများက အားမာန်အပြည့်ဖြစ်‌နေပြီး ဖော်ပြ၍မရနိုင်သော တက်ကြွမှုကို ပေါ်လွင်နေသည်။

မုယွမ်ယောင် စိတ်ထဲမှာ ကျေနပ်နေမိသည်။ ဒီလူတွေက အများကြီး ကြိုးစားအားထုတ်ထားပြီး သူတို့ရဲ့ အမူအကျင့်တွေက အရင်ကထက် အဆပေါင်းများစွာ ပိုကောင်းလာသည်။
“ကောင်းပြီ၊ ဧည့်သည်တွေကို ကြိုဆိုဖို့ ငါ့နောက်လိုက်ခဲ့ကြ”

စုချင်းဝူနှင့် ရှုလီတို့က နန်းတွင်းမှာအမူထမ်းဆောင်တာချင်း အတူတူမို့ ရထားလုံးတစ်စင်းတည်းမှာ အတူစီးနင်းခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးကလည်း ဧကရာဇ်ရှေ့မှောက်မှာ အလွန်ကျော်ကြားကြသည်။ သူတို့နှစ်ယောက်က အနည်းငယ်ခင်မင်တာကြောင့် ပေါ့ပေါ့ပါးပါးပင် စကားစမြည်ပြောဆိုနေကြသည်။

စုချင်းဝူက ဦးစွာ ပြောလာ၏။
"ရှုကုန်းကုန်းက မိန်းကလေးမုကို တကယ်တန်ဖိုးထားပုံပဲ"

ရှုလီက စုချင်းဝူကို ပြုံးလျက် လှည့်ကြည့်လိုက်သည်။
"စုတာ့ရန်ကရော သူမကို အကြီးအကျယ် ချီးမွမ်းထားတာ မဟုတ်လား? မနေ့က ပူးရှန့်လုံအကြောင်း တာ့ရန် မေးလိုက်လို့သာမဟုတ်ရင် ဒီကိုလာကြည့်ဖို့ စဉ်းစားမိမှာ မဟုတ်ဘူး"

စုချင်းဝူ၏ အမူအရာမှာ မပြောင်းလဲပေ။
"ဒီလောက် အဖိုးတန်တဲ့ လက်ပန်းထိုးနည်းပညာကိုဖြန့်ဝေပေးတာ မိန်းကလေးမုက တကယ်သဘောထားပြည့်ဝလှပါတယ်။ အနည်းငယ် ကူညီလိုက်တာ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ.."

"စုတာ့ရန်အတိုင်း တွေးမိပါတယ်"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ နူးညံ့သိမ်မွေ့သော အပြုံးဟု ထင်ရသော်လည်း ၎င်း၏ အဓိပ္ပါယ်အမှန်ကို နှစ်ဦးသားကသာ နားလည်ကြသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now