အပိုင်း ၅၁ / အပိုင္း ၅၁

2.3K 235 3
                                    

Unicode

နှစ်ရက်ကြာပြီးနောက် မုယွမ်ယောင် ချောင်အိမ်တော်ဆီ ထွက်လာခဲ့သည်။ တံခါးစောင့်က သူမကို ခေတ္တစောင့်ဆိုင်းပေးဖို့ ယဉ်ယဉ်ကျေးကျေးဆိုလာသည်။ သိပ်မကြာခင်မှာပဲ ဟိုတစ်နေ့က လရောင်ခြယ်ဆိုင်ဆီ သခင်မကျင်းနဲ့အတူပါလာခဲ့တဲ့ အစေခံက သူမဆီ လျှောက်လာသည်။

"မိန်းကလေး ကြွပါ။ သခင်မကျင်းစောင့်နေပါတယ်"

"ကျေးဇူးပါ"

အစေခံရဲ့မျက်လုံးတွေထဲက အထင်သေးမှုကို မြင်ပေမယ့် မုယွမ်ယောင်ကတော့ အနှောင့်အယှက်ဖြစ်မသွားပေ။

သခင်မကျင်းက ပန်းဖျော့ရောင် အိမ်နေရင်းဝတ်စုံ‌လေး ဝတ်ဆင်ထားပြီး အလွန်ကြည့်ပျော်ရှုပျော်ရှိလှ၏။

“မုယွမ်ယောင် သခင်မကိုနှုတ်ဆက်ပါတယ်”

"ယဉ်ကျေးသမှုတွေ လုပ်နေဖို့ မလိုပါဘူး။ မင်းနာမည်က မုယွမ်ယောင်တဲ့လား။ နာမည်ကောင်းလေးပဲ"

သခင်မကျင်းကလည်း သူမကို အကဲခတ်ကြည့်ရှုနေခဲ့သည်။ မုယွမ်ယောင်က မရမ်းရောင်ပန်းပြောက်တွေ အလှထိုးထားတဲ့ ခရမ်းဖျော့ရောင်ဝတ်စုံလေးကို ဝတ်ထားပြီး  သူမလမ်းလျှောက်လိုက်တိုင်း ခရမ်းရောင်ပန်းပွင့်လေး‌တွေရဲ့ဝတ်ဆံက အနီရောင်‌ပြောင်းသွားတတ်သည်။ သေချာကြည့်ကြည့်မှ ဝတ်ဆံနေရာမှာ အပေါက်ဖောက်ထားတဲ့အတွက် အတွင်းဝတ်ဂါဝန်အရောင်ပေါ်နေမှန်း သိရသည်။ ထိုနည်းလမ်းကြောင့် ပန်းပွင့်တွေက အလွန်အသက်ဝင်နေသည်။ ဒီဝတ်စုံကို ချုပ်တဲ့သူက အင်မတန် အရည်အချင်းရှိသူ ဖြစ်ရမည်။

"ကျေးဇူးတင်ပါတယ် သခင်မကျင်း အခု သခင်မရဲ့ကိုယ်တိုင်း ယူခွင့်ပေးလို့ရမလား။ သခင်မလို ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်က အရမ်းရှားတယ်။ကျွန်မ‌တော့ သခင်မအတွက် အဝတ်အစားချုပ်ပေးရမှာ တကယ်စိတ်လှုပ်ရှားနေတာ၊ ကျွန်မချုပ်ထားတဲ့ ဝတ်စုံဝတ်မယ့်အချိန်ကိုလည်း မြင်ချင်မိတယ်"

"ဟုတ်ပါပြီ စကြတာပေါ့"

မုယွမ်ယောင် စကားပြောတဲ့ပုံစံက တခြားသူတွေလောက် လေးလေးစားစား မရှိလှပေမယ့် သူမစကားလုံးတွေက တစ်ဖက်လူကိုတော့ ပျော်ရွှင်စေသည်။ ကိုယ်တိုင်းယူပြီးကာ ခေတ္တစကားစမြည်ပြောပြီးနောက်မှာ မုယွမ်ယောင်က သခင်မကျင်း ကိုယ်တိုင်ထည့်ပေးလိုက်တဲ့လက်ဆောင်တွေနဲ့အတူ အိမ်တော်ကနေ ပြန်လာခဲ့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now