အပိုင်း ၁၁၉/အပိုင္း ၁၁၉

1.4K 159 4
                                    


Unicode

အပိုင်း ၁၁၉ - အဖိုးတန် လက်ဆောင်တစ်ခု

အမျိုးသမီးကျင်း စကားဆုံးသည်နှင့် သူမနောက်မှာရှိတဲ့ ယင်းဟုန်က ဘူးသေးလေးတစ်ခုကို ထုတ်ကာ မုယွမ်ယောင်ကို လေးစားသမှုဖြင့် ကမ်းပေးသည်။

မုယွမ်ယောင် ဘူးငယ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ အထဲတွင် စာရွက်တစ်ခုပဲ ရှိနေတာ တွေ့လိုက်ရသည်။ စာရွက်ကို ဖတ်ကြည့်ပြီးနောက် သူမ အမြန် ငြင်းဆိုလိုက်သည်

"သခင်မ ဒီလက်ဆောင်က တန်ဖိုးကြီးလွန်းပါတယ်။ ကျွန်မ တကယ် လက်မခံနိုင်ဘူး..."

"ယွမ်ယောင် ငါ မင်းကို ပေးတဲ့အရာက လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ စာချုပ်တစ်ခုပါပဲ။ နောက်ဆုံးတော့ ဒါက အဲ့ဒီလောက် အများကြီး မတန်ပါဘူး။ ဒါပေမယ့် မင်းငါ့ကို ပေးခဲ့တဲ့အရာက မျက်စိနဲ့ မြင်လို့ မရပေမယ့် လူတွေ နှစ်ပေါင်းများစွာ ကြိုးစားကြတာတောင် မပိုင်ဆိုင်နိုင်တဲ့အရာ‌လေ။ ဒီလက်ဆောင်က ငါ့စိတ်ထဲက အသိအမှတ်ပြု သက်သေခံလေးပါ။ မင်း ငါတို့ကို ပေးခဲ့တဲ့အရာလောက် မကောင်းပါဘူး။ မင်း ထပ်ပြီး ငြင်းဆိုမယ်ဆိုရင် ငါ တကယ် ဒေါသထွက်မိလိမ့်မယ်နော်"

မုယွမ်ယောင်က နှုတ်ခမ်းကို အသာဖိကိုက်လိုက်ပြီးနောက် စိတ်သက်သာစွာ ပြုံးလိုက်သည်။

"ဒါဆို ကျွန်မ လက်ခံပါ့မယ်။ ကျေးဇူးတင်ပါတယ် သခင်မကျင်း"

အမျိုးသမီးကျင်းမျက်နှာက ချက်ချင်း အပြုံးတစ်ခုဖြင့် ဝင်းပသွားသည်။

"ကောင်းပြီ ဒီလိုမှပေါ့ လတ်တလော မင်းအလုပ်ရှုပ်နေတာ သိလို့ ငါ ပြန်တော့မယ်။ မင်း လုပ်စရာရှိတဲ့ ကိစ္စတွေသာ ဆက်လုပ်"

"ယွမ်ယောင် သခင်မ ခရီးလမ်း ဖြောင့်ဖြူးဖို့ ဆန္ဒပြုလိုက်ပါတယ်"

သခင်မကျင်း ထွက်ခွာသွားပြီးနောက် စုချင် အောက်ထပ်သို့ ဆင်းလာသည်

"ယောင်အာ သခင်မကျင်းက ဆွေးနွေးစရာ ကိစ္စ ရှိလို့လား"

မုယွမ်ယောင် ကျင်းလင်တစ်မြို့လုံးက အမျိုးသမီးတွေကို လက်ပန်းထိုးနည်းပညာတွေ သင်ကြားပြသပေးဖို့ ကတိကဝတ်ပြုပြီးကတည်းက သူမ စိတ်မချနိုင် ဖြစ်နေခဲ့သည်။ ဒါက သေချာပေါက် ကောင်းမွန်တဲ့အရာဆိုပေမယ့် သိပ်စွက်ဖက်လွန်းနေခဲ့ရင် တစ်ယောက်ယောက်က ဒုက္ခမီးမွှေးတဲ့အခါ နောက်ဆုံးတွင် သူမယောင်အာကပဲ ဆုံးရှုံးမှုခံစားရလိမ့်မည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now