အခန်း ၄၄ / အခန္း ၄၄

2.3K 263 8
                                    


Unicode

လရောင်ခြယ်ဆိုင်! ကမ္ဘာကြီးက တကယ့်ကိုကျဉ်းကျဉ်းလေးပါလား။ သူမ လရောင်ခြယ်ဆိုင်ကို အသုံးချပြီး နွေဦးပိုးထည်ဆိုင်ရှင်အတွက် ထောင်ချောက်တစ်ခု ဖန်တီးခဲ့တာ မကြာသေးဘူး။ အခု လရောင်ခြယ်ဆိုင်က သခင်လေးနဲ့ မျက်နှာချင်းဆိုင်ဆုံနေရပြီ! ဒီလိုဆိုတော့လည်း လောင်စာဆီလေး ထပ်ထည့်ပေးရတာပေါ့!

မုယွမ်ယောင်က ဆီစိမ်စက္ကူထီးကို လက်နှစ်ဖက်လုံးနဲ့ ကိုင်ထားပြီး အေးစက်တဲ့ အလင်းရောင်တစ်ခု သူမမျက်လုံးတွေထဲ ဖြတ်ပြေးသွားသည်။

“ဒီထီးပေါ်က မက်မွန်ပွင့်တွေက လှတော့လှပေမယ့် ဒီပန်းရောင်ကြီးကို သိပ်မကြိုက်ဘူး။ ကျွန်မက အနီရောင်လိုချင်တာ”

လူကုံထံကောင်လေးက ထီးရောင်းတဲ့သူဆီ လှည့်ကြည့်ကာ
“ဒီမမလေးပြောတာ မကြားဘူးလား။ သူက ဒါကိုအနီရောင် လိုချင်တာတဲ့။ ထုတ်ပြလိုက်လေ”

“ခွင့်လွှတ်ပါ သခင်လေး။ ဒီအဘိုးကြီးမှာ အဲ့လိုထီးမျိုး အနီရောင် မရှိပါဘူး”
ပန်းရောင်မက်မွန်ပွင့်တွေကို အနီရောင်နောက်ခံနဲ့တွဲစပ်ထားဝာာတဲ့။ အဲ့တာကို ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး!

လူကုံထံကောင်လေးက မကျေနပ်ပေ။

“မရှိဘူးဆိုရင်တောင် ရှိအောင်လုပ်နိုင်မယ့် နည်းလမ်းစဉ်းစား! မဟုတ်ရင် ကျုပ်လူတွေကို အမိန့်ပေးပြီး ခင်ဗျားဆိုင်ကို ဖျက်ဆီးပစ်မယ်။ မိန်းကလေး၊ စိတ်မပူနဲ့ ကိုယ်မင်းအတွက် ဒီလိုအနီရောင်ထီး ရအောင်လုပ်ပေးမယ်”

စုချင်က စိုးရိမ်ပူပန်စွာနဲ့ အကူအညီ အော်တောင်းပေမယ့် မြို့သားတွေက သူတို့နဲ့ ခပ်ခွာခွာနေနေကြသည်။ ဒီကောင်လေးက ဟွိုက်အန်းမြို့ရဲ့ အကျော်အမော် လူရမ်းကားလေးဖြစ်ပြီး လူတွေက သူ့ကို 'ထန်ကူလီကောင်'ဟု နာမည်ပြောင် ပေးထားသည်။ ထန်မိသားစုက ဟွိုက်အန်းမြို့ပိုးလုပ်ငန်းရဲ့ တစ်ဝက်နီးပါးကို ချုပ်ကိုင်ထားတာကြောင့် ပိုးချည်ကောင်မွေးမြူသူတွေက သူတို့ကို မဆန့်ကျင်ရဲပေ။

မုယွမ်ယောင်က ခပ်ဟဟ ရယ်လိုက်သည်။ သူမရဲ့ ကျောက်စိမ်းဖြူလိုမျက်နှာထက်က လှပတဲ့အပြုံးဟာ လေထုကို ထွန်းလင်းသွားစေ၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now