အပိုင်း ၁၈/ အပိုင္း ၁၈

2.5K 253 1
                                    


Unicode

ယန်မြို့ဝင်ပေါက်ပိတ်သွားတာ အချိန်အတော်ကြာလင့်နေပြီ ဖြစ်သည်။ ရွာက ကျိုးလွေ့နဲ့ ကျိုးချီတို့ ရောက်သွားတော့ သူခိုးဓားပြတွေနဲ့ မှားပြီး အပစ်ခံရမလိုတောင် ဖြစ်သွားသည်။ အစောင့်တွေက ရွာသားတစ်ယောက် အသတ်ခံရတယ်ကြားတော့ ရာဇဝတ်တရားသူကြီးဆီ အမြန်ပြေးပြီး လျှောက်တင်ကြသည်။ တစ်နာရီကြာပြီးနောက်မှာ မြို့တံခါး ပွင့်သွားပြီး အရာရှိသုံးဦးနဲ့ အိမ်ချင်မူးတူး အမှုစစ်အရာရှိတစ်ဦးက မြင်းတွေစီးပြီး ထွက်လာကြသည်။ နေရာအတိအကျ မေးပြီး သူတို့အားလုံး ရွာဆီ အပြေးနှင်လာလိုက်ကြသည်။

ကျိုးလွေ့နဲ့ ကျိုးချီတို့က မြင်းတွေနဲ့အပြိုင် ခရီးနှင်လာရတာမို့ ရွာရောက်တော့ မြေကြီးပေါ် ပစ်လဲချင်တဲ့အထိ ပင်ပန်းနေကြသည်။ သူတို့က အရာရှိတွေကို လီရှီရဲ့ အိမ်ရှိရာဆီ လက်ညှိုးထိုးပြလိုက်ပြီး ‌မြေကြီးပေါ်ထိုင်ကာ အသက်လုရှူနေကြသည်။

မတိုင်ခင်က မုယွမ်​ယောင်က လီရှီသူမအဝတ်အစားတွေကို ပြန်ပြင်နေမှာ စိုးတာနဲ့ သတိမေ့အောင် ရိုက်ထားသည်။ သူမလက်ချက် နည်းနည်း ပြင်းသွားသည်ထင်၏။ နောက်တစ်နေ့မနက်ထိ လီရှီက သတိမေ့နေဆဲပင်။

အဝါရောင်မီးကျဉ်ကျဉ်က အိမ်ထဲက လူတွေရဲ့မျက်နှာကို မသဲကွဲအောင် လုပ်ထားသည်။ လီရှီနိုးလာလာချင်းပဲ အိမ်ထဲအပြည့် ဝိညာဉ်တွေ ရောက်နေတယ်ထင်ပြီး ထိတ်လန့်စွာ အော်ဟစ်တော့သည်။

"ကယ်ကြပါဦး! ကယ်ကြပါဦး! မှားသွားပါတယ် ကျေးဇူးပြုပြီး မသတ်ပါနဲ့! ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့!!"

အခုက လူသတ်မှုမို့ ဘယ်သူမှ မလှုပ်ရဲကြပေ။ တစ်အိမ်လုံး တိတ်ဆိတ်နေတဲ့အချိန်မှာ လီရှီက ထအော်လိုက်တော့ အကုန်လုံး လန့်ဖြန့်ကုန်ကြသည်။

"လီရှီ ဘာဖြစ်တာလဲ"

လီရှီနိုးလာတာမြင်တော့ ရွာသူကြီးယန်မင်က အလျင်အမြန် မေးလာ၏။

ရင်းနှီးနေတဲ့ အသံကြားမှ လီရှီတစ်ယောက် စိတ်တည်ငြိမ်သွားသည်။

"လူကြီးမင်း အဲ့တာ မုယွမ်​ယောင်ပါ! မုယွမ်​ယောင် လူသတ်လိုက်တယ် ကျွန်မမျက်လုံးနဲ့ တပ်အပ်မြင်တာပါ! ပြီးတော့ သူက ကျွန်မကိုလည်း သတ်ချင်နေတာ! သူ မိစ္ဆာဝင်စီးနေတာ ဖြစ်ရမယ် သူ့ကို မီးရှို့ကြပါ မီးရှို့ကြပါ!"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now