အပိုင်း ၁၁/ အပိုင္း ၁၁

2.8K 258 1
                                    


Unicode

"ငါနင်တို့ကို မလိုဘူး! နင်တို့လို စိတ်ထားယုတ်မာတဲ့ မကောင်းဆိုးဝါးတွေက ဒါကို အခွင့်ကောင်းယူပြီး ငါ့ကို သတ်မလားဆိုတာ ဘယ်သူသိမှာလဲ"

အ‌စောပိုင်း အိမ်ထဲမှာတုန်းက မုယွမ်ယောင်ရဲ့ အပြုမူတွေကို တွေးလိုက်မိတော့ ကျောရိုးထဲအထိ အေးစိမ့်သွားရသည်၊၊

မုယွမ်ယောင်က လီရှီဆီသို့ လျှောက်သွားလိုက်ကာ သူမရဲ့ ဒဏ်ရာတွေကို စစ်ဆေးကြည့်ရှုပေးဟန် ဆောင်လိုက်သည်။ ဘယ်သူမှ သတိမထားမိတာ သေချာတော့မှ လီရှီရဲ့ ဒဏ်ရာတွေအပေါ် ဖိပစ်လိုက်သည်။ လီရှီက ထိတ်လန့်အော်ဟစ်ပြီး သတိလစ်သွားသည်။

"အဘွား... အဘွား အဆင်ပြေရဲ့လား အဒေါ်ယန် အဘွားကို အိမ်ခေါ်သွားပေးဖို့ သမီးကို ကူသယ်ပါဦး"

မုယွမ်ယောင်က သေးသွယ်လှပသည်။ ငယ်ရွယ်သေးတဲ့ ဆယ့်သုံးနှစ်အရွယ်မှာတောင် တမူထူးခြားတဲ့ ကိုယ်‌ရောင်ကိုယ်ဝါ ရှိနေပြီဖြစ်သည်။ အထူးသဖြင့် အလွန် ကြည်လင်တောက်ပနေသော ထိုမျက်လုံးတွေပင်။ ဘယ်သူကများ ထိုမျက်လုံးတွေကို ခံနိုင်ရည် ရှိမှာတဲ့လဲ။

"ကလေး မင်းက သိပ်ကြင်နာတတ်တာပဲ... ဟုတ်ပါပြီလေ မင်းအဘွားက ခြေထောက်ကျိုးနေတော့ သူ မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ဟေး ကျန်းအိမ်က လူတွေ လာကူပေးကြဦး"

လီရှီ၏အိမ်က သိပ်မဝေးပေ။ သူမတစ်ယောက်တည်း နေတဲ့အိမ်က မုချန်းတို့ မိသားစုအိမ်ထက် များစွာ ပိုကြီးသည်။ အစကတော့ မုချန်က ထိုအိမ်ကို သူရယ်၊ စုချင်ရယ် မုယွမ်ယောင်ရယ် နေထိုင်ဖို့ ဆောက်လုပ်ခဲ့တာ ဖြစ်ပေမယ့် လီရှီရဲ့ စုချန်အပေါ် အဆက်မပြတ် အနိုင်ကျင့်နှိပ်စက်မှုတွေကြောင့် မုယွမ်ယောင်ကို လမစေ့ဘဲ မွေးလိုက်ရသည့်အတွက် သူမအဖေက အိမ်အသစ်ဆောက်ပြီး သူတို့သုံးယောက်သား ဝေးရာဆီသို့ ပြောင်းနေခဲ့ကြတာ ဖြစ်သည်။

လီရှီကို နေရာချထားပြီးတဲ့နောက် မုယွမ်ယောင်က ရွာသားတွေကို ကျေးဇူးတင်လိုက်သည်။ ထို့နောက် ရွာသားတွေက ခပ်မြန်မြန်ပဲ အိမ်ပြန်သွားကြသည်။ ဒီလိုအေးစက်နေတဲ့ ဆောင်းတွင်းမျိုးမှာ သူတို့နားရွက်တွေ အေးခဲလုမတတ်ပင်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now