အပိုင်း ၆၃ / အပိုင္း ၆၃

2.3K 264 8
                                    

Unicode

စုချင်စိုးထိတ်နေတာ မြင်တော့ မုယွမ်ယောင်က အမြန် ဖြေသိမ့်ပေးလာသည်။

"အမေ သိပ်ကြီးလည်း မစိုးရိမ်ပါနဲ့။ အဲ့လိုပွဲကြီးမှာ သမီးက ဖြတ်လျှောက်သာသာပဲလေ။ ဘယ်လိုအားယားနေတဲ့လူမျိုးက သမီးကိုဒုက္ခရှာဖို့ အချိန်ဖြုန်းချင်မှာလဲ။ နောက်ပြီး စီရင်စုဘုရင်ခံကတော်က ဖိတ်တာဆိုတော့ အဝတ်အစားအကြောင်း ပြောချင်လို့ ဖြစ်ရမယ်"

"အဝတ်အစားလား။ ချုပ်ပေးတာကို စိတ်တိုင်းမကျလို့ သမီးကို အပြစ်ပေးချင်လို့ ခေါ်တာများလား"

"မဖြစ်နိုင်ပါဘူးနော် အမေ တကယ် အတွေးလွန်နေပြီ။ ခေါ်ရတဲ့အကြောင်းရင်းက သေချာပေါက် ဝတ်စုံတွေ ထပ်ချုပ်ခိုင်းဖို့ပဲ ဖြစ်ရမယ်"

"ဒီလိုလည်း ဖြစ်နိုင်တာပဲ"

စုချင်ကတော့ စိတ်ထင့်နေဆဲပင်။ မု‌ယွမ်ယောင်က ဗိုက်ဆာတယ်ဆိုပြီး နားပူနားဆာလုပ်လာမှ အတွေးရပ်ပြီး စားဖို့သွားပြင်ပေးသည်။

‌မုယွမ်ယောင်တစ်ယောက် သူမခြေထောက်နား ပိကျိပိကျိနဲ့ ပြေးလွှားနေတဲ့ ကြက်ပေါက်နှစ်ကောင်ကြောင့် စိတ်ညစ်နေသည်။ သူမက ထိုနှစ်ကောင်ကို ရှောင်ဖို့ ဘေးကို‌ရွှေ့လိုက်သည်။ ရက်အနည်းငယ်နဲ့တင်  အမွေးအတောင်တွေတောင် စပေါက်နေပြီ။ အရင်လို အမွေးပွပွ လုံးလုံးလေးနဲ့ ချစ်စရာလေးလည်း မဟုတ်တော့ဘူး။

"ငါ့နားထပ်လာကြည့်စမ်း! ထပ်လာရင် သေချာပေါက်! ချက်! စား!ပစ်!မှာ! နော် ။ လျိုလျန် အဲ့ကောင်တွေကို အမေ့ဆီ ပို့လိုက်"

လျိုလျန်က ကြက်ပေါက်နှစ်ကောင်ရှေ့မှာ ရပ်လိုက်ပြီး သူ့ရဲ့သတ်ဖြတ်နိုင်စွမ်းရှိတဲ့ ကြောက်မက်ဖွယ် အငွေ့အသက်ကို ထုတ်လွှတ်လိုက်ရုံနှင့် စကားတစ်ခွန်းမှ ပြောစရာ မလိုဘဲ ကြက်ပေါက်နှစ်ကောင် အသက်လုပြီး နောက်ဖေးဆီ ပြေးသွားကြသည်။

ဒါကို ကြည့်နေတဲ့ မုယွမ်ယောင်က အားရပါးရ ရယ်သည်။ သူမရယ်သံက ဆည်းလည်းသံ၊ ဂီတသံကဲ့သို့ နားဝင်ပီယ ရှိလှသည်။ သူမရဲ့ကြည်လင်နေတဲ့ မျက်ဝန်းအကြည့်ကလည်း ရယ်ရိပ်တွေ သန်းနေပြီး သူမဖြစ်တည်မှုတစ်ခုလုံးက သက်ဝင်တောက်ပနေသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now