အပိုင်း ၁၅၈ /အပိုင္း ၁၅၈

1.2K 146 2
                                    

Unicode

အပိုင်း၁၅၈ စိတ်ရင်းစေတနာကောင်းထားပါ

မြို့တော်မှ သတင်းမကြားရတာ ကြာပြီဖြစ်တာကြောင့် မုယွမ်ယောင် မနေနိုင်ဘဲ အနည်းငယ် စိုးရိမ်ကြောင့်ကြမိသည်။ သူမက နီယွင်ဖန်းရဲ့ အသစ်ပြင်ဆင်ထားသော အလှတရားစာအုပ်ကို ယူပြီး ချောင်အိမ်တော်သို့ အလည်အပတ် သွားလိုက်သည်။

အမျိုးသမီးကျင်း ဗိုက်ထဲရှိ ကလေးက သုံးလပြည့်ခါနီးပြီဖြစ်ကာ အကျိုးအကြောင်းသင့်အောင် ပြောရရင် သူမရဲ့ကိုယ်ဝန်က ပိုပြီး တည်ငြိမ်သင့်ပြီဖြစ်သည်။ အရင်ကလို သတိကြီးကြီးထားဖို့မလိုတော့ပေမယ့် အဲ့ဒီအစား သူမရဲ့ စားချင်စိတ်က မတိုးတက်ပဲ ပို၍ပင်စိုးရိမ်ကြောင့်ကြနေသည်။

မုယွမ်ယောင် ရောက်လာတော့ သူမက မျက်လုံးတွေကို မှိတ်ထားပြီး ထိုင်ခုံအနုပေါ်တွင်နားနေသည်။

“သခင်မကို အရိုအသေပေးပါတယ်”

မုယွမ်ယောင်က ဦးညွှတ်လိုက်ပြီး‌နောက် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အမျိုးသမီးကျင်းရဲ့ပုံစံကို မြင်ပြီး ထိတ်လန့်သွားရသည်။

“သခင်မရဲ့ အသားအရေအရောင်က ဘာလို့အဲ့လောက်ဆိုးရွားနေရတာလဲ”

“ယွမ်ယောင် မင်းရောက်လာပြီပဲ”

အမျိုးသမီးကျင်းက သူမမျက်လုံးတွေကို ဖွင့်လိုက်ပေမယ့် မျက်မှောင်တွေကို ကျုံ့ထားဆဲပင်။ စိတ်ပူပန်သည့်ပုံစံနှင့် သူမဗိုက်ကို ပိုသတိထား၍ ဖိထားကာ သူမက ပိုအားသုံးမိသွားရင် ဗိုက်ထဲက ကလေးကို ထိခိုက်မိမှာ ကြောက်နေသည်။ အရင်ကနှင့်ယှဉ်လျှင် သူမက ပိုပြီး ဖြူဖျော့၍ပိန်သွယ်လာသည်။ အရင်က သူမနဲ့ ကိုက်ခဲ့တဲ့ အင်္ကျီတွေက အခုတော့ ချောင်၍ ပွရောင်းလှုပ်ယမ်းနေသည်။

မုယွမ်ယောင်က သူမရဲ့ကိုယ်‌ရေးကိုယ်တာကိစ္စတွေကို ဘေးမှာထားလိုက်ပြီး အမျိုးသမီးကျင်းရဲ့ သွေးခုန်နှုန်းကိုစမ်းရန် ရှေ့သို့တိုးလိုက်သည်။

“သခင်မ နေလို့မကောင်းတာကို ကျွန်မကို အစောကြီးကတည်းက ပြောသင့်တာပေါ့၊ အကယ်၍ ကျွန်မသာ မလာဘူးဆိုရင် ဘယ်အချိန်ထိများ စောင့်နေဦးမလို့လဲ?”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now