အပိုင်း ၄၈/ အပိုင္း ၄၈

2.4K 251 0
                                    

[Unicode]

လရောင်ခြယ်ဆိုင်ပိုင်ရှင်က သူ့ဖောက်သည်တွေကို အသံနဲ့တင် မှတ်မိသည်။ ပြီးတော့ ဒီအသံက ကျင်းလင်မြို့ မှာရှိတဲ့ အရေးအပါဆုံးလူတွေထဲက တစ်ယောက်ပင်။ သူ့မှတ်တမ်းစာရွက်တွေကို ပစ်ချပြီး ဆိုင်ထဲက အမြန်ထွက်လိုက်သည်။

"သခင်မကျင်း ရောက်ပြီလား။ ဘာလို့ ဝင်မလာသေးတာလဲ။ ကျွန်တော် သခင်မကြိုက်တဲ့ ပီလောချွမ်ကို အပေါ်ထပ်မှာ အသင့်ပြင်ထားပြီးပြီ။"

(T/N: ပီလောချွမ် = တရုတ်လက်ဖက်ရည်ကြမ်း အမျိုးအစားတစ်မျိုး)

"သခင်မရဲ့ အချိန်တွေ ဖြုန်းမိပြီ။ ကျွန်မ အရင်သွားနှင့်ပါမယ်။"

"မိန်းကလေး၊ ကျေးဇူးပြုပြီး ခဏနေပါဦး။ မင်းက အတော်လေး ထက်မြက်တဲ့ ကောင်မလေးတစ်ယောက်လို့ ထင်မိတယ်။ ငါနဲ့အတူ ဆိုင်ထဲ အဖော်လိုက်ပေးရင်ရော။ လရောင်ခြယ်ဆိုင်မှာ အထည်အသစ်လေးတွေ ရောက်နေပြီ။ အထည်အားလုံးက မြို့တော်ထဲမှာ ခေတ်စားနေတဲ့ ပုံစံတွေပဲ။ မင်းကို စစမြင်တော့ ငါတို့နှစ်ယောက် ဆုံတွေ့ရတာက ကံကြမ္မာပဲလို့ ခံစားမိတယ်။ မင်းသဘောကျတယ်ဆိုရင် နှစ်​ထည်​လောက် ဝယ်​ပေးမယ်​လေ"

"သခင်မကို ကျွန်မအတွက်နဲ့ ဒီလိုမျိုးလုပ်ဖို့ ဘယ်လို ခွင့်ပြုနိုင်မှာလဲ..."

ထိုမိန်းမပျိုလေးကတော့ မုယွမ်ယောင်ပင်။ ယနေ့တွင် သူမက လရောင် ဘရိုကိတ်ထည်ကို ၀တ်ဆင်ထားသည်။ သူမ၏ အင်္ကျီလက်ဖျားနှင့် ကော်လာ၏ အနားသတ်တို့၌ အနီရင့်ရင့် နှင်းဆီပုံများ အလှဆင်ထားသည်။ ဝတ်စားဆင်ယင်ထားပုံက သူမ၏ အဖြူရောင်အသားအရည်နှင့် လိုက်ဖက်နေသည်။ မြို့ထဲက အလှပဂေးတို့ပင် သူမနဲ့ မယှဉ်နိုင်တာကြောင့် သခင်မကျင်းက သူမကို ချက်ချင်းဆိုသလို သတိထားမိသွားသည်။

"ဘာပြောတာလဲကွဲ့? ငါတို့ အခုလို တွေ့ဆုံရတာကိုက ကံကြမ္မာရဲ့ ဆန္ဒပဲလေ။ လာ၊ ဝင်ကြည့်ကြရအောင်။ အချိန်ဖြုန်းမနေတော့နဲ့"

ထိုကိစ္စနဲ့ ပတ်သတ်ပြီး လရောင်ခြယ်ဆိုင်ရှင်မှာ ဆိုးရွားတဲ့ ခံစားချက်မျိုး ရနေသည်။ ထိုအမျိုးသမီးကျင်းက စီရင်စုမှူး ချောင်ယွင်နျန်၏ တရားဝင် ဇနီးကြီးဖြစ်ပြီး မြို့တော်ရှိ အင်အားကြီးတဲ့ မိသားစုမှဖြစ်သည်ဟု ပြောကြသည်။ သူမက အသိပညာကြွယ်ကာ ဉာဏ်ပညာ ရှိသူ ဖြစ်သည်။ ချောင်ယွင်နျန်က အခက်အခဲ သိပ်မကြုံတွေ့ရဘဲ စီရင်စုမှူး ဖြစ်လာရခြင်းက သူမမိသားစုရဲ့ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်နိုင်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now