အပိုင်း ၄၉/ အပိုင္း ၄၉

2.4K 239 2
                                    

Unicode

သခင်မကျင်းရဲ့ ပြောစကားကို ကြားပြီးနောက် မုယွမ်ယောင် သူမကို ပို၍ပင် သဘောကျမိသွားသည်။ သခင်မကျင်းဟာ လူမှုအသိုင်းအဝိုင်းထဲ၌ နေရာမြင့်မြင့်က လူတစ်ယောက် ဖြစ်ပေမယ့် သူမလို မိန်းမငယ်လေးတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးသည်။ သူမအပေါ် မလေးမစား မလုပ်ချင်တာကြောင့် အင်္ကျီချုပ်ပေးဖို့ တိုက်ရိုက်မပြောမှန်း သိသာသည်။ သခင်မကျင်းလို ဇနီးကောင်းတစ်ယောက် ရှိနေမှတော့ သူမအကူအညီနဲ့ ချောင်းယွင်နျန်တစ်ယောက် ဒီလို ရာထူးမြင့်မြင့်ကို ရောက်နိုင်တာ အံ့ဩစရာ မရှိပါပေ။

"ကျွန်မနဲ့အမေနဲ့က တစ်ယောက်ကိုတစ်ယောက် မှီခိုနေရတာဆိုတော့ ကျွန်မရဲ့ အပ်ချုပ်ပညာလေးနဲ့ပဲ တော်တော်လေး အဆင်ပြေနေတယ် ပြောရမှာပါပဲ။ သခင်မ သဘောကျတယ်ဆိုရင် သခင်မအတွက် အထူးတစ်စုံ ချုပ်ပေးလို့ရပါတယ်။ သခင်မကျင်းသာ အဝတ်ချုပ်ခ ပေးချင်တယ်ဆိုရင် ကျွန်မတို့သားအမိအတွက် အများကြီး အထောက်အကူဖြစ်မှာ သေချာတယ်"

လရောင်ခြယ်ဆိုင်ရှင်က ထိုစကားကို ကြားတဲ့အခါ စပြီး ပျာယာခတ်နေတော့သည်။ ဒါက သောင်သဲ့နတ်ဘုရားရှေ့မှာ မှော်ဆေးရည်တွေ ရောင်းနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား! ဒီမိန်းကလေးက သူ့တည်ရှိမှုကို လုံးဝ လျစ်လျူရှုနေတာပဲ!

လရောင်ခြယ်ဆိုင်ရဲ့ အရေးကြီးဆုံး ဖောက်သည်တွေထဲက တစ်ယောက်ကို ဒီလို မိန်းမငယ်လေးတစ်ဦးဆီမှာ လုယူခံလိုက်ရရင် သူကိုယ်သူ ဆိုင်ရှင်လို့ မခေါ်ထိုက်တော့ဘူး။

"သခင်မ၊ သခင်မ မြို့တော်ကနေ မှာထားတဲ့ ဝတ်စုံတွေ ဝန်ထမ်းတွေကို ယူခိုင်းထားပြီးပြီ။ သခင်မကြည့်ရအောင် အခု သူတို့ကို အောက်ထပ်မှာ စောင့်ခိုင်းထားတယ်"

"မြို့တော်က အဝတ်အစားတွေက အမြဲတမ်း အဲ့လိုပုံစံတွေချည်းပဲ"

သခင်မကျင်းရဲ့ အပြုံးက ဖျော့တော့နေသည်။ အသိအသာပင် သူမက အဲ့ဒီအဝတ်အစားတွေကို သိပ်ပြီးတော့ စိတ်ဝင်စားပုံမရချေ။ မကြာခင်မှာ သူမက စီရင်စုဘုရင်ခံအိမ်တော်ရဲ့ စားသောက်ပွဲတစ်ခုကို တက်ရောက်ရမှာ ဖြစ်သည်။ ပွဲတက်မယ့်လူတိုင်းဟာ မြို့တော်က အဝတ်အစားတွေကို ဝယ်ဖို့ ငွေအင်အားရှိကြသည်။ အကယ်၍ သူမဝတ်စုံကသာ တခြားတစ်ယောက်ယောက်နဲ့ ဆင်နေခဲ့ရင် ပြဿနာပဲ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now