အပိုင်း ၈၆ / အပိုင္း ၈၆

2.1K 226 4
                                    

Unicode

မုယွမ်​ယောင်ရင်ထဲ နာကျင်သွားရ၏။

"အမေ အရမ်းနောက်ကျနေပြီ။ ကျန်တာကို မနက်ဖြန်မှ ဆက်လုပ်လို့ ရပါတယ်။ အဲ့လောက်ကြီး အလျင်လိုစရာ မလိုပါဘူး"

စုချင် ပျင်းနေမှာစိုးလို့ ကူညီပြီးမှတ်တမ်းပြုစုခိုင်းလိုက်ပေမယ့် ပင်ပန်းသွားမှာကိုလည်း မလိုချင်ပေ။ အမေ့ကို နည်းနည်းလေးတောင် မပင်ပန်းစေချင်တာ သူမဆန္ဒ။

စုချင်က စာအုပ်ကို ပိတ်လိုက်သည်

"ဒီနှစ်ရက်ထဲ အထည်နည်းနည်းပဲ ရောင်းရတယ်ဆိုပေမယ့် အပ်ဖိုးတွေ၊ ပိတ်စဖိုးတွေ၊ နောက်လိုက်တွေရဲ့လစာတွေကိုတောင် စာရင်းထည့် မတွက်ရသေးဘူး။ ချက်ချင်း မမှတ်ရင် နောက်ကျမှ ပြဿနာတက်နေမယ်"

မုယွမ်​ယောင်လည်း မှင်သက်သွားပြီး သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်သည်။

"အမေ သတိပေးလို့ တော်သေးတာပေါ့။ သမီးတို့အထည်တွေက အာဏာရှိ အရေးကြီးသူတွေ အတွက်ဆိုတော့ သမီးတို့ကို ဒုက္ခပေးချင်လို့ အထည်တွေကို အပြောင်းအလဲလုပ်ပစ်တဲ့သူများ ရှိလာရင် သမီး‌တို့ အကြီးအကျယ် ပြဿနာတက်ပြီပဲ။ အခုကတည်းက မှတ်တမ်း သေချာ ရေးထားရင် နောက်ကျ သက်သေအနေနဲ့ ဖြစ်ဖြစ် ပြန်ထောက်ပြလို့ရပြီ"

သူမအကြံပေးတာက အသုံးဝင်‌တယ်လို့ ကြားတော့ စုချင် သိပ်ပျော်သွားသည်

"ဟုတ်ပြီ အမေ့တာဝန်ထားလိုက်! နောက်ကျရင် ဘာပဲဖြစ်ဖြစ် အကုန်လုံးကို ဒီထဲမှာ မှတ်တမ်းချရေးထားမယ်"

"ဒါဆို အမေ့ကို ဒုက္ခပေးရတော့မှာပဲ"

စုချင်ကတော့ အပြုံးလေးနဲ့ပဲ တုံ့ပြန်လာသည်။ အရင်တုန်းက သူမကိုယ်သူမ အသုံးမဝင်သလို ခံစားခဲ့ရတာ။ အခုတော့ မုယွမ်​ယောင်ကို အမှန်တကယ် ကူညီနိုင်ပြီမို့ အလွန်ဝမ်းသာနေသည်။ ထိုအလုပ်ကို ဒုက္ခတစ်ခုလို့ ဘယ်နည်းနဲ့မှ မမြင်ချေ။

သားအမိနှစ်ယောက်သား အိပ်ရာမဝင်ခင်အထိ စကား ထိုင်ပြောနေခဲ့ကြသည်။ မုယွမ်​ယောင်က စုချင်နဲ့အတူ အိပ်ချင်ပါတယ်ဆိုပြီး နားပူနားဆာလုပ်နေသေးရာ စုချင်က ခေါင်းခါရင်း ပြောလာသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now