အပိုင်း ၁၆၂ /အပိုင္း ၁၆၂

1.1K 144 2
                                    

Unicode

အပိုင်း ၁၆၂ - ယွဲ့ဝမ်၏သရုပ်မှန်ကို ဖိအားပေးကာ ပြောစေခြင်း

ကျင်းလန်နှင့်ကျင်းချောင်လည်း စုချင်းဝူကို သတိထားမိသွားပြီး တစ်ခဏမျှ အထိတ်တလန့် ဖြစ်သွားကာ အရိုအသေပေးလိုက်၏။ ထို့နောက် ပင်လုံးကြိုင်ပင်ပေါ်မှဆင်းလာတဲ့ မုယွမ်ယောင်ကို အလျင်အမြန်သွားကူကြသည်။

မုယွမ်ယောင်က သူမရဲ့ ဂါဝန်စကို သပ်ရပ်အောင်ပြင်လိုက်ပြီး သံသယအနည်းငယ်ဖြစ်နေမှုက သူမ မျက်နှာတွင် ပေါ်လာသည်။

“စုတာ့ရန်ကို အရိုအသေပေးပါတယ်၊ တာ့ရန်က မြို့တော်ကို ပြန်နှင့်ပြီ မဟုတ်ဘူးလား? ကျင်းရှို့ဥယျာဉ်မှာ ဘာလိုလုပ် ပေါ်လာရတာပါလဲ”

“မိန်းကလေး ဝတ္တရားနဲ့အညီနှုတ်ဆက်နေဖို့ မလိုပါဘူး၊ ကျုပ် ဒီတစ်ကြိမ်လာတာက ဧကရာဇ်မင်းက မင်းအတွက် ပေးအပ်လိုက်တဲ့ ရတနာနှစ်ခုကို လာပို့ရုံပါ"

မုယွမ်ယောင်က ၎င်းကို ကြားပြီးသည်နှင့် အလွန်ကို ပျော်သွားသည်။ သူမရဲ့ တောက်ပတဲ့ မျက်လုံးများက အပျော်တွေဖြင့် ပြည့်နေပြီး ကြည့်ရတာ ထိုအပျော်များက ထွက်ကျလုမတတ်ပင် ဖြစ်နေသည်။

"ဧကရာဇ်က တကယ်ပဲ ကျွန်မကို ရတနာပေးတာလား? ကောင်းလိုက်တာ စုတာ့ရန် နှစ်ခုလို့ ပြောလိုက်သလားလို့?”

“အင်း နီယွင်ဖန်းနဲ့ ပူးရှန့်လုံအတွက်၊ မိန်းကလေးမု အစောကြီးကတည်းက ခန့်မှန်းမိပြီးသားမလား?”

စုချင်းဝူက မုယွမ်ယောင်ကို ဂရုတစိုက် လေ့လာနေသည်။ သူမ သုံးခဲ့တဲ့ နည်းလမ်းတွေကို စဉ်းစားကြည့်ရင်း သူ အတော်လေးကို စိတ်လှုပ်ရှားနေသည်။ သူက သူမကို အထူးတလည် ဆက်ဆံပေးမိနေသည်။ သူမဆီကနေ လှည့်စားခံနေရတာများလား?

မုယွမ်ယောင်က သူ့ရဲ့ အေးစက်လှသည့် လှောင်ပြောင်မှု စကားလုံးများကို လျစ်လျူရှုလိုက်ပြီး သူမမျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ပေါ်လာသည်။

“ဒီလို မြင့်မြတ်လှတဲ့ စေတနာကို ကျွန်မက ဘယ်လိုလုပ် ပေါက်ကရတွေ လိုက်တွေးဝံ့ရမှာလဲ? စုတာ့ရန်ရော ကြိုပြီး တွေးထားသလား?”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now