အပိုင်း ၅၄ / အပိုင္း ၅၄

2.3K 254 1
                                    

Unicode

မုယွမ်ယောင်က လျန်ငါးရာကို တည်းခိုခန်းဆီ ယူလာပြီး စုချင်ထံ ပျော်ပျော်ရွှင်ရွှင်နဲ့ ပေးလိုက်သည်
"အမေ ကြည့်... ဒါ သမီးရခဲ့တဲ့ငွေ"

"ဘာလို့ ဒီလောက်များရတာလဲ"
အဝတ်အစားလေး တစ်ထည်က လျန်ငါးရာတန်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

"အမေ့သမီးရဲ့ ဖန်တီးမှုတွေက တန်ကြေးဖြတ်လို့ မရဘူးလေ။ လျန်ငါးရာကိုတောင် ဈေးအရမ်းနည်းတယ်လို့ ယူဆလို့ရနေပြီ။ အမေစောင့်သာနေ သမီး မြို့တိုင်းမှာ နာမည်ကြီးလာတဲ့အခါကျ အမေ လက်ကောက်ဝတ်နာတဲ့အထိ ငွေတွေ ရေနေရတော့မှာ"
စုချင်ရှေ့မှာဆို မုယွမ်ယောင်က ထက်မြတ်တဲ့ ဆရာမကြီးဂိုက် မဖမ်းဘဲမနေနိုင်ပေ။

စုချင်က သူမသမီးရဲ့ နှာခေါင်းကို တို့လိုက်သည်
"ဟုတ်ပါပြီ။ ငွေတွေရေဖို့ အမေစောင့်နေပါ့မယ်"

နောက်ရက်တွေမှာ မုယွမ်ယောင်က တည်းခိုခန်းဝင်ပေါက်ဆီ တမင်သွားပြီး မြို့သူတွေကို လေ့လာနေခဲ့သည်။ အဲ့ဒီမှာ မိန်းကလေး တော်တော်များများက ပျိုနီပန်းနဲ့ စပျစ်နွယ်အခက်တွေ ပါဝင်တဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားကြတာကို တွေ့ရသည်။ ပုံစံတွေက သခင်မကျင်းနှင့် အတော်လေး ဆင်တူ၏။ မုယွမ်ယောင်က မေးထောက်ငေးရင်း ပါးနပ်တဲ့ အပြုံးတစ်ခု ပြုံးလိုက်သည်။ လရောင်ခြယ်ဆိုင်ရှင် အတော်အလုပ်ရှုပ်ခဲ့မှာပဲနော်......

ခြောက်လပိုင်းရဲ့ ခုနစ်ရက်မြောက်နေ့။ ဒီကနေ့ဟာ စီရင်စုဘုရင်ခံဇနီးရဲ့ ဧည့်ခံပွဲနေ့ ဖြစ်သလို ဧကရာဇ်မင်းမြတ်ရဲ့ မွေးနေ့လည်း ဖြစ်သည်။ ယနေ့ဧည့်ခံပွဲဟာ မြို့တော်မှာ စံမြန်းနေတဲ့ ဧကရာဇ်ကို အဝေးရောက် အရာရှိတွေက ဆုမွန်ကောင်းတွေနဲ့ သစ္စာရှိမှုကို ဖော်ပြဖို့အတွက် စုဝေးတဲ့ပွဲပင်။အမျိုးသမီးချန်းကတော့ အစောကြီး ကြိုရောက်နေခဲ့သည်။ သူမ အမျိုးသမီးကျင်းရဲ့ အမူအရာကို ကြည့်ချင်လွန်းလှပြီလေ။ အပြင်ပန်းမှာသာ သခင်မချန်းနဲ့ သခင်မကျင်းတို့က အခေါ်အပြော လုပ်နေကြပေမယ့် တကယ်တမ်းတော့ သူတို့အချင်းချင်း မတည့်ကြပေ။ ဒီလို ဖြစ်နေခဲ့တာ အချိန်အတော်ကြာပြီပင်။ ဒါကို ရှိနေတဲ့ တခြားသခင်မတွေလည်း သတိထားမိကြသည်။ ခေတ်စားသွားတဲ့ ပျိုနီပန်းဝတ်စုံရဲ့ မူလအစကိုလည်း သူတို့သိထားပြီး အတော်လေး ရယ်ပွဲကျခဲ့ရသေးသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now