အပိုင်း ၈၉ / အပိုင္း ၈၉

2K 239 4
                                    


Unicode

မုယွမ်ယောင် စိတ်အေးလက်အေးရှိနေသည်ကို မြင်လိုက်ရတော့ သခင်မကျင်းက စိတ်တိုစွာပင် သက်ပြင်းချလိုက်သည်။

"အပြင်မှာ အများကြီး ဖြစ်ပျက်နေတာ မင်းသိရဲ့လား။ မယ်မင်းကြီးမက ဒီမှာ အေးအေးဆေးဆေး ပုန်းနေတယ်..”

မုယွမ်ယောင်က မတ်တပ်ရပ်ပြီး နှုတ်ခွန်းဆက်စကား ပြောပြီးနောက်
"ကျွန်မ ပုန်းနေတာရယ်လို့ မဟုတ်ပါဘူး၊ လက်ရှိမှာ လရောင်ခြယ်ဆိုင်က အထွဋ်အထိပ် ရောက်နေတာမို့၊ ကျွန်မက ဘာအန္တရာယ်မှ မဖြစ်အောင် အကာအကွယ် ယူနေရုံပါ.."

"မင်းက ကိုယ့်ကိုယ်ကိုယ် အင်မတန် ယုံကြည်မှုရှိတယ်လို့ ယင်းဟုန်ဆီက ကြားထားတယ်။ ငါ့ကို ပြောစမ်းပါဦး.. မင်းစိတ်ထဲမှာ ဘာတွေ ရှိနေတာလဲ.."

“ပြောရရင်၊ တကယ့် အစီအစဉ်ကောင်းကြီး မဟုတ်ပေမယ့် ကျွန်မ မကြောက်ပါဘူး။ ကျွန်မနဲ့ အမေ့က ကျင်းလင်မြို့မှာ ဘာအခြေအမြစ်မှ မရှိတာကြောင့် လရောင်ခြယ်ဆိုင်နဲ့ ယှဉ်လို့ မရဘူး။ ဒါပေသည့် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် ကျွန်မတို့ရဲ့ ပထမဆုံးဖောက်သည်က နတ်သမီးလေးတစ်ပါး ဖြစ်နေတယ်လေ။ သခင်မ ကျွန်မတို့ဆိုင်က အဝတ်အစား ဝတ်ပြီး ကျင်းလင်မြို့မှာ လမ်းလျှောက်သွားရုံနဲ့တင် ကျွန်မတို့ လုပ်ငန်းက တစ်မုဟုတ်ချင်း ပြန်နာမည်ကြီးသွားမှာ”

“ဒါဆို မင်းက ငါ့ဆီ အားလုံးကို တွန်းပို့နေတာပဲ။ ဒါပေမယ့် ငါ့မှာ ပိုကောင်းတဲ့ အကြံတစ်ခု ရှိတယ်"

“ကျွန်မရဲ့ အကြံက လုံလုံလောက်လောက် ကောင်းမွန်နေပြီလို့ ခံစားရတယ်"

မုယွမ်ယောင်က ခေါင်းမာတဲ့ဟန်ဝံ့လို့ ဆိုလာ၏။

အမျိုးသမီးကျင်းက မနေနိုင်ဘဲ ရယ်မောမိသည်

“မင်းရဲ့ ဒီအပြောချိုတဲ့ ပါးစပ်ကလေးကတော့လေ၊ ဒါပေမယ့် လရောင်ခြယ်ဆိုင်က ခိုင်ခံ့လွန်းတဲ့ နောက်ခံ ရှိတယ်။ မင်း သေသေချာချာ နှိပ်ကွပ်ရမယ်။ နောက်လဝက်အကြာမှာ ချီရှီ ပွဲတော်ရှိတယ်။ စီရင်စုဘုရင်ခံရဲ့ ဇနီးသည်က ဧည့်ခံပွဲကျင်းပမယ် ပြောထားပြီး အိမ်တော်အားလုံးကို ဖိတ်စာတစ်စောင်စီပို့ထားပြီးသား။ အဲဒီအချိန်ကျရင် မင်း တစ်ခုခုလုပ်လို့ ရနိုင်တယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now