အပိုင်း ၁၇၅ /အပိုင္း ၁၇၅

1K 126 1
                                    

Unicode

အပိုင်း 175 - အရာရာ ချို့တဲ့နေတဲ့ ယွဲ့ဝမ်

သူတို့နှစ်ယောက်သား ထမင်းသွားစားကြသည်။ စုချင်က သူမကိုပဲ ကြည့်နေတာကို မုယွမ်ယောင် သတိထားမိတာကြောင့် မျက်လုံး ပေကလတ်၊‌ ပေကလတ်လုပ်ရင်း
"အမေ၊ ဘာဖြစ်လို့လဲ.."

စုချင် ပြုံးလိုက်သည်။ သူမ၏ အမူအယာမှာ အနည်းငယ် ခံစားလွယ်နေပုံရ၏။
“ဘာမှမဟုတ်ပါဘူး။ ပျော်နေတာလေ.."

သူမက ဒီနေ့ နန်အာကို ကယ်တင်လိုက်တဲ့အကြောင်း ရည်ရွယ်နေမှန်း မုယွမ်ယောင် တွေးမိလိုက်သည်။
"အမေက နန်အာကို သဘောကျတာလား"

ဒါပေမဲ့လည်း စုချင်က ခေါင်းခါပြလာသည်။
“အမေ ပျော်နေတာ ဒီနေ့ လူတစ်ယောက်ကို ကယ်တင်ခဲ့လို့ မဟုတ်ဘူး၊ သမီးကြောင့်လေ ယောင်အာ.."

"သမီးကြောင့်?"
မုယွမ်ယောင် နားမလည်နိုင်ဖြစ်သွားသည်။

“အွန်း ဟုတ်တယ်….”
စုချင်က တခဏ တွေဝေနေပြီးနောက် မုယွမ်ယောင်ရဲ့လက်ကိုဆွဲကာ ဖြည်းညှင်းစွာ ပြောလာသည်။
“အရင်က သမီးရဲ့ဘဝတစ်ခုလုံးကို အိပ်မက်ထဲမှာမြင်ဖူးတယ်လို့ အမေ့ကို ပြောပြဖူးတယ်နော်။ သမီး ကိစ္စအရာတွေအများကြီးကို ဖြတ်သန်းခဲ့ရပေမယ့် ဘယ်လိုရုန်းကန်ပြီး အကောင်းဆုံးကြိုးစားခဲ့လဲဆိုတာကို အမေ စိတ်ကူးကြည့်နိုင်တယ်။ ဒါပေမယ့် အဆုံးမှာတော့ ကောင်းမွန်တဲ့ အဆုံးသတ်ကို မရခဲ့ရှာရဘူး….”

စုချင်တစ်ယောက် မျက်ရည်ဝဲနေတာမြင်တော့ မုယွမ်ယောင်က သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
“အမေ၊ ဒါတွေအားလုံးက အိပ်မက်တစ်ခုပဲလေ။ ကောင်းကင်ဘုံက သမီးကို သနားနေတာလည်း ဖြစ်နိုင်တာပဲ။ ဖြစ်ပျက်မှာတွေကို ကြိုသိနိုင်ဖို့ အိပ်မက်ထဲမှာ သတိလာပေးတာမျိုးပေါ့.."

မုယွမ်ယောင်ရဲ့စကားကို ကြားတော့ စုချင်၏ နှလုံးသားလေးဟာ နာကျင်သွားရသည်။
"ယောင်အာ၊ မင်း အမေ့ကို လိမ်စရာမလိုပါဘူး။ အိပ်မက်တစ်ခုသာသာပဲဆိုရင် အကုန်လုံးက တခဏအတွင်း ပျောက်ကွယ်သွားလိမ့်မယ်။ မဟုတ်ရင် အပ်ချည်ထိုးနည်းတွေ၊ လက်ဖက်ရည်နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတွေကို ညတွင်းချင်း ဘယ်လိုလုပ် ကျွမ်းကျင်သွားနိုင်မှာလဲ? မင်းက ငါ့သမီးပဲလေ။ သမီး ပြောင်းလဲသွားတာ အမေ သတိမထားမိဘဲ နေမလား.."

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now