အပိုင်း ၁၂၉ / အပိုင္း ၁၂၉

1.3K 159 3
                                    

Unicode

အပိုင်း ၁၂၉ - တင်းမိသားစုရဲ့ ဆူပူမှု ဖန်တီးခြင်း

မုယွမ်ယောင် နီယွင်ဖန်းဆီ ပြန်ရောက်တော့ ဆိုင်ဝင်ပေါက်မှာ ရထားလုံးတစ်စီး ရပ်ထားတာ တွေ့လိုက်ရသည်။ ရထားလုံးမှာ‌ ကျိုးဖုတံဆိပ်ပါတဲ့ မီးအိမ်ကို ချိတ်ဆွဲထား၏။ အခုချိန်မှာ လာတဲ့သူက ရွှမ်အိမ်တော်ရဲ့ကျိုးဝေ့သာ ဖြစ်လိမ့်မည်…ဒါပေမယ့် သူက ဘာလာလုပ်ပြန်တာလဲ!

သူမ ဝင်လာတော့ တင်းယွဲ့လန်ရဲ့ အေးစက်စက်အသံကို ကြားလိုက်ရသည်။

"ကျိုးတာ့ရန် ကျွန်မနဲ့ရှင်နဲ့ ပြတ်စဲသွားပြီလို့ ပြောထားတယ် မဟုတ်လား။ ကျေးဇူးပြုပြီး အနာဂတ်မှာ ကျွန်မကို မနှောင့်ယှက်ပါနဲ့တော့"

  

"လန်အာ ကိုယ်မှားမှန်းသိပါပြီ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်…ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ"

"ငြိမ်းငြိမ်းချမ်းချမ်းခွဲခွာခြင်း စာရွက်စာတမ်းတွေက ရှေ့ရက်ကတည်းက ကျလာပြီးပြီ။ ရှင်နဲ့ကျွန်မနဲ့ ဘာသက်ဆိုင်မှုမှ မရှိတော့ဘူး။ ကျေးဇူးပြုပြီး ကျွန်မဂုဏ်သတင်းကို မဖျက်ဆီးပါနဲ့တော့လား ကျိုးတာ့ရန်"

မုယွမ်ယောင် ဝင်လာတာမြင်တော့ တင်းယွဲ့လန်က အလျင်အမြန်ထရပ်လိုက်သည်။

"သူဌေးလေး ပြန်ရောက်လာပြီ။ ကျွန်မ ဧည့်သည်တွေ ပြန်ခိုင်းလိုက်ပါ့မယ်"

မုယွမ်ယောင်က တင်းယွဲ့လန်ကို ခေါင်းညိတ်ပြကာ ကျိုးဝေ့ကို တစ်ချက်စိုက်ကြည့်ပြီး အပေါ်ထပ်ဆီ တန်းတက်သွားသည်။ သူမ လှေကားတစ်ဝက်မှာ ကျိုးဝေ့ရဲ့ ဒေါသသံကို ကြားလိုက်ရသည်

"မုယွမ်ယောင် အသက်ငယ်ငယ်လေးရှိသေးပေမယ့် ငါနဲ့ငါ့ဇနီးကြားမှာ မီးမွှေးရဲတယ်! ဆိုးယုတ်လိုက်တဲ့ အပြုအမူ!"

မုယွမ်ယောင်က နောက်လှည့်ကာ ကျိုးဝေ့ကို ‌တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်သည်။

"စိတ်ထဲမှာ ဗုဒ္ဓရှိရင် လူတိုင်းကို ကောင်းတယ်လို့ မြင်မယ်။ စိတ်ထဲမှာ နတ်ဆိုးရှိနေရင်တော့ လူတိုင်းကို ဆိုးတယ်လို့ ထင်မယ်။ ကျွန်မကတော့ အဲ့အဆိုက တော်တော် မှန်တယ်လို့ထင်သား! ကျိုးတာ့ရန် ကျေးဇူးပြုပြီး ကျွန်မဂုဏ်သတင်း ပျက်စီးစေမယ့် စကားတွေမပြောပါနဲ့။ တော်တော်လေး လူကြီးလူကောင်းမဆန်တဲ့ အပြုအမူမို့လေ!"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now