[Unicode]
အပိုင်း ၁၁၅ - ဥယျာဉ်ကို ငှားသုံးခြင်း
ယွဲ့ဝမ်က သူ့လက်ထဲက စာရွက်ကို မှောက်ထားလိုက်ပြီး အနည်းငယ် မှုန်သုန်နေတဲ့အသံနဲ့
"မုယွမ်ယောင်က နီယွင်ဖန်းမှာ နေနေတုန်းလား"
"ဟုတ်ကဲ့ နီယွင်ဖန်းက တံခါးတွေ ပိတ်ထားပြီး အလုပ်တွေ မြန်မြန် လုပ်နေပါတယ်။ မိန်းကလေးမုနဲ့ သူမအမေကလည်း ဆိုင်မှာ ပြောင်းနေကြတာပါ"
ယွဲ့ဝမ် ဘာမှပြောမလာပေ။ သူ့ခန္ဓာကိုယ်ဝန်းကျင်ကတော့ အနည်းငယ် ပိုအေးစက်လာသည်။
ရုတ်တရက် အထိန်းတော်ချင်းက အော်ဟစ်ပြီး အထဲဝင်လာသည်။
"သခင် ဒီအစေခံအိုကြီးမွေးမြူထားတဲ့ ယုန်က ဘေးကပ်ရပ်ကစုအိမ်တော်ဆီ ရောက်သွားပါတယ်။ ဒီယုန်က မွေးရတာ မလွယ်ပါဘူး။ ယုန်ကို ပြန်ရှာမတွေ့ရင် ဒီအစေခံအိုကြီး သေသွားရပါလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်ုပ်လည်း သခင့်ခွင့်ပြုချက်မပါဘဲ နီယွင်ဖန်းဆီ လူလွှတ်ပြီး သခင်မလေးမုကို သွားခေါ်ခိုင်းလိုက်မိပါတယ်။ သူမ တံခါးဖွင့်ပေးပြီး ယုန်ကို ကူရှာပေးဖို့ မျှော်လင့်ရတာပါပဲ"
ယွီဟိန်က ချင်းကွမ်ကို မျက်လုံးပေါက်ထွက် မတတ် ပြူးကြည့်လိုက်ကာ သူ့မျက်လုံးတွေထဲတွင် လေးစားမှုတွေ ပြည့်နေသည်။ အထိန်းတော်ချင်းက ဒီလောက် အလုပ်ရှုပ်နေတာတောင် ယုန်တစ်ကောင်ဝယ်ဖို့ အတင်းတောင်းဆိုနေတယ်လို့တွေးနေတာ... တကယ်တော့ ဒီနေရာမှာ အသုံးချဖို့ကိုး...
******
နေ့လယ်ခင်းအချိန်တွင် မုယွမ်ယောင် တစ်ရေးမှေးနေခဲ့သည်။ နိုးခါစအချိန်တွင် ကျင်းလန် အထဲဝင်လာတာ တွေ့လိုက်ရသည်
"သခင်မလေး လူတစ်ယောက် တံခါးမှာ ရောက်နေပြီး ဘေးကပ်ရပ်ကျင်းရှို့ဉယျာဉ်က လူတစ်ယောက်က ယုန်တစ်ကောင် မွေးထားတာ... သခင်မလေးအိမ်ဘက် ပြေးသွားလို့လို့ ပြောပါတယ်။ သူတို့က သခင်မလေးကို တံခါးဖွင့်ပေးပြီး ကူရှာပေးစေချင်တယ်တဲ့"
မုယွမ်ယောင် အံ့အားသင့်သွားကာ သူမနှုတ်ခမ်းတို့တွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...