အပိုင်း ၁၆၉ /အပိုင္း ၁၆၉

1K 135 2
                                    

Unicode

အပိုင်း 169 - ကယ်တင်ခြင်း

မုယွမ်ယောင် သူ့ကို တိတ်တဆိတ် လှမ်းကြည့်ရာ သူ့မျက်လုံးတွေထဲက မျက်ရည်စတွေကို မြင်တွေ့လိုက်ရသည်။ အလွန် စိုးရိမ်ပူပန်နေတာကြောင့် ငိုတော့မယ့်အတိုင်း ဖြစ်နေသည်။ မုယွမ်ယောင် မနေနိုင်ဘဲ ပြောလိုက်သည်

“မင်းက ငယ်ငယ်လေး ရှိသေးပေမယ့် ဘယ်လိုလုပ် တစ်နေ့ကို အချိုပွဲနှစ်ခုပဲ စားနိုင်ရတာလဲ။ မနက်ဖြန်ကျရင် ဥယျာဉ်ဆီလာပြီး လမ်းတွေ ကူရှင်းပေး၊ ငါ မင်းအတွက် အဝတ်အစားတွေ ပြင်ခိုင်းထားလိုက်မယ်။ မင်းကို တစ်နေ့ ထမင်းနှစ်နပ်ကျွေးမယ် ဒါ့အပြင် တစ်နေ့ ငါးပြားလည်း ပေးမယ်”

နန်အာ ခေတ္တကြောင်အမ်းသွားပြီးနောက် အမြန် မတ်တပ်ထကာ မုယွမ်ယောင်ရှေ့တွင် ဒူးထောက်ချလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်မလေး၊ ကြင်နာပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

ဝတ်ဖို့အဝတ်အစားရယ်၊ စားဖို့ရယ်နဲ့ ပိုက်ဆံပါရမယ်တဲ့! သူ အဲ့ဒီလို ဘဝမျိုးကို တွေးတောင် တွေးမကြည့်ဝံ့ခဲ့ပေ။

ကျင်းလန် သရေဆာမုန့်တွေ ထုပ်ပိုးပြီးတာကို မုယွမ်ယောင်က မြင်တော့ အသာခေါင်းညိတ်ပြလိုက်သည်။

“မင်း ဒီနေ့ ပြန်လို့ရပြီ။ မနက်ဖြန်မနက် ကျင်းရှို့ဥယျာဉ် ဖွင့်တဲ့အချိန် ဒီကိုလာခဲ့”

“ဟုတ်ကဲ့ပါ သခင်မလေး”

ကျင်းလန်က ရှေ့တိုးကာ မုန့်တွေကို သူ့လက်ထဲ ထည့်ပေးလိုက်ပြီးနောက် အပြင်ကို လိုက်ပို့သည်
“လာခဲ့ ငါမင်းကို အပြင် လိုက်ပို့မယ်”

“ကျေးဇူးတင်ပါတယ် မမ”

နန်အာက နာခံစွာနဲ့ ခေါင်းမော့လျက် တောင်းပန်တိုးလျိုးစွာ ပြောလာတာကြောင့် ကျင်းလန်က သူ့ခေါင်းကို ခပ်ဖွဖွသပ်လိုက်ရာ သူမျက်နှာမှာ ရှက်သွေးဖြန်းသွားလေသည်။

မုယွမ်ယောင်က ကျင်းချောင်ကနေတဆင့် သူမ ဥယျာဉ်သန့်ရှင်းဖို့ လူတွေ ငှားထားကြောင်း အထိန်းတော်ချင်းကို အသိပေးခိုင်းလိုက်သည်။ နန်အာအကြောင်း အထိန်းတော်ချင်း ကြားသောအခါ မုယွမ်ယောင်ရဲ့ ကြင်နာမှုကို အကြိမ်ကြိမ် ချီးကျူးလျက် ထိုကလေးကို နောက်ကွယ်ကနေဂရုစိုက်ပေးမည်ဟု ကတိပေးလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now