အပိုင်း ၁၃၅ /အပိုင္း ၁၃၅

1.4K 148 1
                                    

Unicode

အပိုင်း ၁၃၅ - တင်းမိသားစုက ဝတ္ထုစာအုပ်တွေထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်



“သခင်မ ဘာလို့ဒီလိုပြောရတာလဲ? သခင်မက အရွယ်ကောင်း ဖြစ်နေတုန်းပဲ။ လှပပြီး ကျက်သရေရှိတယ်၊ သခင်မကို လူဘယ်နှယောက်လောက် မနာလိုဖြစ်နေလဲဆိုတာ မသိနိုင်ဘူး၊ စာ‌စောင်ထဲမှာရှိတဲ့ ပုံတွေအားလုံးက သခင်မကို အခြေခံပြီး ရေးဆွဲထားတာ”

မုယွမ်ယောင်က နှုတ်ခမ်းကိုကိုက်ပြီး သက်ပြင်းချလိုက်သည်။

“အာ သခင်မက ကျွန်မရိုးရိုးသားသားပြောတာကို အပြစ်တင်နေတာပါလား…”

ဒီစာစောင်ကို အချိန်အကြာကြီးကတည်းက ပြင်ဆင်ထားတာဖြစ်သည်။ တင်းယွဲ့လန် စိတ်သက်သာစေဖို့အတွက် မျှော်လင့်ရင်း သူမရဲ့ အရင်ဂုဏ်သတင်းတွေကို ပြန်ပြီး ထိန်းသိမ်းနိုင်ရန်အတွက် အခုအချိန်မှာ ထုတ်ပြလိုက်တာဖြစ်သည်။

တင်းယွဲ့လန်က ခေါင်းယမ်းလိုက်သည်။

“သူဌေးလေး ငါ မင်းကို ဘာအတွက်နဲ့မှ အပြစ်မတင်ဘူး၊ တင်းအိမ်တော်ကလူတွေရဲ့ အရေးကိစ္စက မင်းနဲ့ ဘာမှမဆိုင်ပါဘူး၊ မင်းကသာ အမှန်တရားကို မြင်သာအောင် ပြခဲ့တဲ့လူပါ၊ အဲ့အကြောင်းပြောမှ အဲ့ကိစ္စတွေကို ဖော်ထုတ်ခဲ့တဲ့အတွက် မင်းကို တကယ် ကျေးဇူးတင်ချင်တာ၊ မဟုတ်ရင် ငါဘယ်အချိန်ထိ အလိမ်ခံနေရဦးမလဲ မသိဘူး”

မုယွမ်ယောင်က ခါးသီးစွာ ရယ်လိုက်ပြီး ရှေ့နောက် စဉ်းစားမနေတော့ပဲ ပြောလိုက်သည်။

“ဒါက သခင်မရဲ့ နှလုံးသားထဲက မကျော်ဖြတ်နိုင်သေးတဲ့ အတားအဆီးလေးတစ်ခု သာသာပါပဲ”

တင်းယွဲ့လန်က တိတ်ဆိတ်နေပြီး သူမခေါင်းကို ညိတ်လိုက်သည်။

“သခင်မမှာ အစီအစဉ်များရှိလို့လား”

“ငါ ထွက်သွားဖို့ ဆုံးဖြတ်ထားတယ်”

“မဟုတ်တာ ဒီမှာ သခင်မ ကြိုက်သလောက် နေလို့ရတယ်၊ အကယ်၍ သခင်မ ထွက်သွားမယ်ဆိုရင် ကျွန်မကို အတော်လေး စိတ်အနှောက်အယှက် ဖြစ်စေလိမ့်မယ်နော်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now