Unicode
အပိုင်း ၁၆၆ - ဥယျာဉ် ဝင်ပေါက်ရှေ့က သူဖုန်းစားလေး
လျိုလျန်က သူ့လက်တွေဖြင့် မုယွမ်ယောင်ကို ပွေ့ပြီး သူမကို သစ်ကိုင်းပေါ်သို့ ခေါ်သွားသည်။
မုယွမ်ယောင်က ပင်လုံးကြိုင်ပင်ပေါ်သို့ ခြေချလိုက်ပြီး ရယ်မောလာသည်။ ထိုင်လို့ရတဲ့ သစ်ကိုင်းကို ရှာပြီးနောက် သူမက ပင်လုံးကြိုင်ပန်းများကို ချိုးလိုက်ပြီး သူမ လက်ဖဝါးထဲတွင် ထည့်ထားလိုက်သည်။ ခေါင်းလှည့်လိုက်ပြီး သူမကို ကာကွယ်ပေးနေသည့် လျိုလျန်ကို မေးလိုက်သည်။
“ငါ အရင်က ချိုးလိုက်တဲ့ဟာထက် ပိုပြီးတော့လှတယ်မလား?”
လရောင်အောက်တွင် လက်ဆယ်ချောင်းက အဖြူရောင်ကျောက်စိမ်းလိုပင် ပင်လုံးကြိုင်ပန်းတွေထက်ပင် ပိုပြီး လှနေသေးသည်။
လျိုလျန်က ခေါင်းငုံ့လိုက်သည်။ သူ့ရှေ့ရှိ လှပလွန်းသည့် မြင်ကွင်းကြောင့် အာရုံပျံ့လွင့်သွားပြီး ဘယ်လို ပြန်ပြောရမှန်း မသိပေ။
အခုတော့ မုယွမ်ယောင်က ကျေနပ်သွားပြီ ဖြစ်သည်။
“ဒါဆို ဒီပင်လုံးကြိုင်ပန်းတွေကို အမေ့ဆီပြန်ယူသွားရမယ်။ အရင်ခူးခဲ့တဲ့ဟာက ခွေးရိုက်ဖို့ပဲတန်တယ်"
သူမ ခုန်ချမလို့လုပ်တော့ သူက လျင်လျင်မြန်မြန် တားလိုက်သည်။
“သခင် သတိထားပါ”
မုယွမ်ယောင်က အော်ရယ်လိုက်သည်။
"မင်း အရင်က အရူးတစ်ယောက်လို ဖြစ်ခဲ့ပြီး လူတော်တော်များများကလည်း မင်းကို အနိုင်ကျင့်ခဲ့ကြတာ၊ မင်း ငါ့နောက်ကို လိုက်လာပြီးနောက်ပိုင်း အရမ်း စကားများလာလိမ့်မယ်လို့ မျှော်လင့်မထားဘူး၊ အဲ့လိုနှလုံးနက်မိစ္ဆာကို မြင်တွေ့ရတာ ဘယ်လောက်ဒေါသထွက်ကောင်းလဲကို မသိတော့ဘူး"
လျိုလျန်က သူမပြောတာကို နားမလည်ပေ။
“သခင် မူးနေပြီ”
“ငါမမူးဘူး၊ ငါ အခုအတော်လေး အမူးပြေနေပြီ…”
မုယွမ်ယောင်က သူမခေါင်းကို မော့လိုက်ပြီး ပင်လုံးကြိုင်ပင်ရဲ့ အကိုင်းတွေကြားမှတဆင့် ညဖက် ကောင်းကင်ကို ကြည့်လိုက်သည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...