အပိုင်း ၁၅၇ /အပိုင္း ၁၅၇

1.1K 137 3
                                    

Unicode

အပိုင်း ၁၅၇ - အလိုရှိတာရစေ

အချိန်အတော်ကြာ စကားပြောပြီးနောက် အထိန်းတော်ချင်းတစ်ယောက် နောက်ဆုံးတော့ ရပ်တန့်သွားသည်။

"ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ငါရရှိထားတဲ့ ငွေသားတွေ၊ မင်းပြန်တဲ့အခါ ဝမ်ရယ့်ဆီ ဒါကို ပေးလိုက်"

ငွေသားအထပ်လိုက်ကို မြင်တော့ ယွီယိ အံ့အားသင့်သွားသည်။

"အဲ့ဒီလောက်တောင်လား"

လက်ဖက်ရည်ဆိုင် ဖွင့်ထားတာ တစ်လတောင် မပြည့်သေးဘူး။ သူမက ဘယ်လိုလုပ် ဒီလောက် ငွေလျန်အများကြီး ရှာနိုင်ရတာလဲ။

အထိန်းတော်ချင်းက ဟန်ကြီးပန်ကြီးနဲ့ ယွီယီကို တစ်ချက်ကြည့်လိုက်ပြီး

"ဒါက ငွေလျန်သုံးသောင်းတင်ပါဟ။ မင်း တအံတဩဖြစ်နေဖို့ လိုလို့လား"

မိန်းကလေးမုက ရွှေရုပ်ကလေးပဲ။ သူမနဲ့ဆို ငွေလျန်တွေ နောက်ထပ် အများကြီး ပိုရနိုင်တယ်။

ယွီယိက တံတွေးမျိုချလိုက်သည်။

"အထိန်းတော်ချင်း အနောက်ပိုင်းကွမ်းတုံဒေသမှာလည်း လက်ဖက်ရည်ဆိုင်အချို့ ဖွင့်သင့်တယ်လို့ ထင်လား"

"အနောက်ပိုင်းကွမ်းတုံဒေသက တိုင်းသူပြည်သားတွေအနေနဲ့ နေ့တိုင်း ဝမ်းဝအောင် စားနိုင်ရင်ကို တော်လှပြီ။ ဘယ်သူက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်မှာလဲ"

"အနောက်တိုင်းကွမ်းတုံက မကောင်းဘူးဆိုရင် တခြားတစ်နေရာဆိုရင်ရော... ကျန်းနန်မှာ အခြားချမ်းသာတဲ့မြို့တွေ အများကြီးပဲ။ ကျွန်တော်တို့ တစ်မြို့ကိုတစ်ဆိုင်ဖွင့်ရင် သခင် ငွေရေးကြေးရေးအတွက် နောက်ထပ် စိတ်ပူစရာ မလိုတော့ဘူး"

"ငါတို့တွေ ပူးရှန့်လုံကိုပဲ အရင်တိုးတက်အောင် လုပ်ရအောင်ပါ။ ပြီးတော့ မိန်းကလေးမု ချထားတဲ့ စီစဉ်မှုတွေကို နားထောင်ဖို့ လိုသေးတယ်"

အထိန်းတော်ချင်း စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူသည်လည်း တာ့လီမင်းဆက်နယ်‌မြေအနှံ့ ပူးရှန့်လုံဆိုင်ခွဲတွေ တစ်ခါတည်း ချက်ချင်း ဖွင့်လိုက်ချင်သည်။ သို့သော် သူ့မှာ တိကျသေချာတဲ့ အစီအစဉ်တစ်ခုမှ မရှိပေ။ ဒါပေမယ့် မိန်းကလေးမုကို စိတ်ကျေနပ်စေသရွေ့ ဒီဆန္ဒ မကြာခင် ပြည့်ဝလိမ့်မယ်ဆိုတာ အာမခံနိုင်သည်။ ထို့ကြောင့် သူသည် ဝမ်ရယ့်ကိုရှေ့ဆက်တိုးစေဖို့ တိုက်တွန်းရန် ချန်ကုန်းကုန်းဆီ စာတစ်စောင်ရေးပြီး တောင်းဆိုရမည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now