အပိုင်း ၂၄ / အပိုင္း ၂၄

2.5K 248 1
                                    

Unicode

"ဟုတ်ကဲ့ ဆရာ၊ ကျွန်မ နားလည်ပါတယ်"

လီရှီက အမြန်ပြန်ဖြေ၏။ သေမိန့်ကို ရှောင်နိုင်ဖို့က အရေးကြီးဆုံးပဲ။ မုယွမ်ယောင်နဲ့ ပတ်သတ်လို့ကတော့ သူမ အဲ့ဒီနတ်ဆိုးနဲ့ ဝေးဝေးနေဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ သူမနဲ့ နောက်ဘယ်တော့မှ မပတ်သက်တော့ဘူး။

မုယွမ်ယောင် တရားရုံးမှ ထွက်လာသောအခါ စုချင်က မျက်ရည်တဖြိုင်ဖြိုင်နှင့် သူမအား အပြေးသွားဖက်တော့သည်။

"ယောင်အာ၊ ပင်ပန်းသွားပြီ။ အများကြီး ပင်ပန်းသွားပြီ"

"အမေ၊ သမီး အဆင်ပြေပါတယ်"

ကျန်းချိုင်ကျူးနဲ့ လီရှီနှစ်ယောက်စလုံးကို ဖြေရှင်းခဲ့ပြီးပြီ။ မုယွမ်ယောင် အလွန်ပျော်ရွှင်နေမိ၏။

စုချင်က မုယွမ်ယောင်ရဲ့ မျက်နှာလေးကို ကိုင်လိုက်သည်။ သူမက မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး

"တော်သေးတာပေါ့။ သွားရအောင် ဆေးခန်းမှာ သမီးရဲ့ ဒဏ်ရာတွေကို ကုဖို့ ဒေါ်လေးယန်ဆီက ငွေနည်းနည်း ချေးထားတယ်"

မုယွမ်ယောင်က ခေါင်းခါပြီး ပြောလိုက်သည်။

"အမေ၊ အဖွားက တုတ်နဲ့ရိုက်ခံထားရတယ်။ သမီးတို့မသွားခင် အဖွားကို အိမ်ပြန်ပို့ဖို့ အရင်လုပ်ပေးခဲ့ရအောင်"

"...ကောင်းပြီလေ"

စုချင် လီရှီကို အမှန်တကယ် မုန်းတီးပေမယ့် သူမက မုချန်ရဲ့အမေ ဖြစ်နေသေးတာကြောင့် သူမ သူ့ကို ဂရုမစိုက်ဘဲ ပစ်ထားရင် လူပြောစရာ ဖြစ်လိမ့်မည်။

မြို့သူမြို့သားတွေက သူတို့ရဲ့ အပြန်အလှန် ပြောစကားတွေကို နားထောင်ခဲ့ပြီး လီရှီ သူတို့အပေါ် နေ့စဉ်နေ့တိုင်း ပြုမူတာတွေကို ကြားသိပြီးနောက် အဲ့ဒီစုန်းမအိုကြီးအပေါ် အမုန်းတွေပိုတိုးခဲ့သည်။

လီရှီကို ဆွဲထုတ်လာတဲ့အခါ လူအများက သူမကို တံတွေးနှင့် ထွေးကြသည်။ ရွာသူကြီး ယန်မင်ခမျာ လူတိုင်းပြန်သွားတာကို စောင့်ပြီးမှ သူမကို ရွာပြန်ခေါ်သွားဖို့ ပွေ့ချီလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now