အပိုင်း ၁၅၀ /အပိုင္း ၁၅၀

1.2K 148 2
                                    

Unicode

အပိုင်း၁၅၀ - ဧကရာဇ်မင်းမြတ်ထံ လက်ဆောင်ပြန်ပေးခြင်း

မုယွမ်ယောင်က တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“တကယ်တော့ ကျွန်မစိတ်ထဲမှာ အကြံတစ်ခုရှိနေပြီးသား၊ မျှော်တော့ မျှော်လင့်မထားမိဘူး၊ ဒါပေမယ့် ဒီလိုကြီးမားတဲ့ကံ‌ကောင်းမှုကြီးက ကျွန်မခေါင်းပေါ် ကျလာမှတော့ ကျွန်မရည်မှန်းချက်တွေ အမှန်တကယ် ဖြစ်အောင် လုပ်နိုင်တော့မှာပေါ့”

သူမ စကားတွေကိုကြားသည်နှင့် အမျိုးသမီးကျင်းက ပို၍ ပျော်စရာကောင်းလာမှန်း ခံစားလိုက်ရသည်။

“အရင်ပြောပြပါဦး”

အကယ်၍ အဲ့တာက အလုပ်မဖြစ်ဘူးဆိုလျှင် သူမက အကြံပြောင်းလိုက်ဖို့ ဖျောင်းဖျမည်ဖြစ်သည်။

“ကျွန်မ ဧကရာဇ်မင်းမြတ်ကို နီယွင်ဖန်းဆိုတဲ့ စာလုံးသုံးလုံးရေး‌ပေးပြီး ချီးမြှင့်ဖို့ တောင်းဆိုချင်တယ်။ အဲ့ဒီနောက် နီယွင်ဖန်းကို ပြန်ပြီးတည်ဆောက်တဲ့အခါကျ ဆိုင်းဘုတ်လုပ်ပြီး ဆိုင်မှာ ချိတ်ဆွဲထားမယ်၊ အဲ့လိုဆိုရင် အနာဂါတ်မှာ နီယွင်ဖန်းကို ဆန့်ကျင်ရဲတဲ့သူ တစ်ယောက်မှ ရှိတော့မယ် မထင်ဘူး”

အမျိုးသမီးကျင်းက ၎င်းကို ကြားသည်နှင့် ခေါင်းညိတ်လိုက်သည်။

“ငါက မင်း အလျင်စလိုတွေးလိုက်လို့ သင့်တော်တဲ့အရာတွေ မစဉ်းစားမိမှာကို ကြောက်နေတာ၊ ဒါပေမယ့် မင်းရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းက ငါ့စဉ်းစားထားတာထက်တောင် ကောင်းနေသေးတယ်၊ သေချာပေါက်ကို အဆင်ပြေတယ်၊ စုတာ့ရန်နဲ့ စကားပြောဖြစ်တဲ့အခါကျ ဒီတောင်းဆိုမှုအကြောင်း ပြောလိုက်ပေါ့”

ယင်းဟုန်က အခန်းထဲသို့ ဝင်လာပြီး ပြောသည်။

“သခင်မ… သခင်က မိန်းကလေးမုကို အရှေ့ခန်းမထဲလာဖို့ လူလွှတ်ခေါ်လိုက်ပါတယ်”

“ သိပြီ”

အမျိုးသမီးကျင်းက မုယွမ်ယောင်ကို ခေါင်းညိတ်ပြလိုက်သည်။

“မြန်မြန်သွားလိုက်”

စုချင်းဝူက ဘုရင်ခံကျန်းရဲ့ တစ်ဖက်တွင် ထိုင်နေသည်။ အစေခံရဲ့ ပြောဆိုချက်ကို ကြားတော့ လက်ဖက်ရည်သောက်တာကို ရပ်လိုက်ပြီး တံခါးဆီသို့ အလိုလို ကြည့်မိသွားသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now