အပိုင်း ၁၃၄ /အပိုင္း ၁၃၄

1.3K 142 0
                                    

Unicode

အခန်း ၁၃၄ - လွယ်လွယ်အလျော့မပေးနိုင်ဘူး

ထိုအမျိုးသမီးတွေ ရောက်လာတဲ့အခါ သခင်မကျင်းကို တရားမျှတမှုအတွက် ဆုံးဖြတ်ခိုင်းသည်။ အနားမှာရှိနေသူတွေလည်း ထကြွလာပြီး တင်းမိသားစုကို စိုက်ကြည့်လာကြသည်။

“ကျွန်မတို့အတွက် တရားမျှတမှု ရှာပေးဖို့ သခင်မကျင်းကို တောင်းဆိုပါတယ်!”

သခင်ကြီးတင်းက ဒီအကွက်ဟာ လူတိုင်းကို ဒေါသထွက်စေတယ်ဆိုတာ သိလိုက်ပြီး ကြံရာမရဖြစ်ကာ သခင်မကြီးတင်းကို ထိုးကျွေးတော့သည်။

“ဒါတွေအားလုံး သူ,မဟုတ်တာ။ ကျွန်တော် ခုချက်ချင်း မိန်းကလေးမုကို တောင်းပန်ခိုင်းလိုက်ပါ့မယ်။ သခင်မကျင်း၊ ကျွန်တော်လည်း တခဏလေး စိတ်လွတ်သွားလို့ အမှားကြီးတစ်ခု လုပ်မိမလို ဖြစ်သွားတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

သခင်မကြီးတင်း ပြောစရာစကားပင် ပျောက်ရှသွားသည်။ သူမကို တရားခံအဖြစ် ထိုးကျွေးလိမ့်မယ်လို့ တွေးမထားခဲ့ပေ။

“လောင်ရယ် ရှင် ဘယ်လိုတောင် လုပ်ရက်ရတာလဲ”

“အဲ့တာ မင်းငါ့ကို မဟုတ်တာတွေ ကြားညှပ်ပြောလို့လေ။ ငါက မင်းရဲ့ အတို့အထောင် စကားတွေကိုယုံပြီး နီယွင်ဖန်းရဲ့ အမှားလို့ ထင်ခဲ့မိတာ။ အခု ကျုပ် မိန်းကလေးမုကို တောင်းပန်ပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါဗျာ!”

သခင်မကျင်းက မုယွမ်ယောင်ဘက်ကို ဘယ်လိုသဘောရလဲဆိုတဲ့ အကြည့်နဲ့ မေးလာသည်။ နီယွင်ဖန်းရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ပြီး တင်းမိသားစုလည်း ကျရှုံးသွားပြီ။ ယခု သူမ ဒီကိစ္စကို ဒီနေရာမှာ အဆုံးသတ်လိုက်ချင်ပြီဆိုလည်း အရှုံးရှိမှာမဟုတ်ပေ။

မုယွမ်ယောင်က သခင်မကျင်းရဲ့ ဆိုလိုရင်းကို နားလည်သည်။ သို့ပေမယ့် သူမ တင်းမိသားစုကို ဒီအတိုင်း လွှတ်ပေးလိုက်လို့ စိတ်ကူးမရှိပေ။ သူမ ပြဿနာကို အမြစ်မကျန် ရှင်းပစ်ချင်သည်။ တင်းမိသားစု၊ ကျိုးမိသားစုတို့နဲ့ ယှဉ်ရင် နီယွင်ဖန်းက အားနည်းလွန်းသေးသည်။ အကယ်၍ သူတို့ဘက်ကသာ တိတ်တိတ်လေး ပြဿနာရှာလာမယ်ဆိုရင် သခင်မကျင်းကလည်း သူမကို အမြဲတမ်း ကာကွယ်ပေးနိုင်မှာ မဟုတ်ပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now