အပိုင်း ၁၆၅ /အပိုင္း ၁၆၅

1.1K 138 6
                                    

Unicode

အပိုင်း ၁၆၅ - အမူးသမားယွမ်ယောင်

မုယွမ်ယောင်က အဝတ်အစားလဲလိုက်သည်။ သူမ အရှေ့ခြံဝန်းထဲသို့ ဝင်ဝင်လာချင်း ကျင်းလန်နဲ့ကျင်းချောင်က သူမကို စုချင်ဘေး ဆွဲခေါ်လိုက်ကြသည်။

“သခင်မလေး အားလုံး အဆင်သင့် ဖြစ်နေပြီ။ ကျွန်မတို့တွေ သခင်မလေး နေရာယူဖို့ စောင့်နေကြတာ”

စုချင်က ထိပ်ဆုံးနေရာမှာ ထိုင်ရသည်။ သူမက နည်းနည်း စိုးရိမ်နေပေမယ့် ဖုံးကွယ်ထားနိုင်သေးသည်။ အမျိုးသမီးတင်းနှင့် အမျိုးသမီးကျင်းတို့၏ လွှမ်းမိုးမှုကြောင့် သူမ အကျင့်စရိုက်သည်လည်း အများကြီး ပြောင်းလဲလာခဲ့သည်။ အနည်းဆုံး အခုတော့ ဒီလိုအခင်းအကျင်းမျိုးကို ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။

“ယောင်အာ အမေနဲ့ လာထိုင်လေ”

မုယွမ်ယောင်က ရှေ့တိုးကာ သူမအမေရဲ့ပခုံးကို ကိုင်ပြီး ထိုင်ဖို့ ဖိချလိုက်သည်

“အမေပဲ ဒီထိုင်ခုံမှာ ထိုင်လို့ရတာ။ စိတ်အေးလက်အေးနဲ့ ထိုင်ပါ။ သမီးတို့တွေ အမေ့ကို ဂုဏ်ပြုရဦးမယ်”

အထိန်းတော်ချင်းက အမြန်သဘောတူလိုက်သည်
“အဲ့ဒါ ဟုတ်တယ်။ သခင်မစု ဒီရက်ပိုင်း အလွန်အင်မတန်မှ အလုပ်ကြိုးစားနေခဲ့တာ။ ပထမဆုံးသော ဝိုင်တစ်ခွက်ကို သခင်မစုကို ဂုဏ်ပြုလိုက်ရအောင်”

“ခက်ခဲတဲ့အလုပ်တွေရယ်လို့ မဟုတ်ပါဘူး။ ကျွန်မ ဘာမှ အကူအညီ သိပ်မဖြစ်ခဲ့ပါဘူး”
စုချင်မျက်နှာသည် နီမြန်းသွားပြီး ရှက်ရွံ့စွာ ငြင်းဆိုသည်။

နှစ်ဝက်ကြာအောင် ပြန်လည် အားဖြည့်ပြီးနောက် စုချင်သည် အများကြီး ပြောင်းလဲလာခဲ့သည်။ သူမမျက်နှာက ဖြူဖွေးပြီး မျက်လုံးတွေက အားအင်အပြည့်နဲ့ တောက်ပနေသည်။ မုယွမ်ယောင် ကိုယ်တိုင် ပြုလုပ်ပေးထားတဲ့ အဝတ်အစား၊အဆင်တန်ဆာတွေနဲ့ တွဲဖက်လိုက်တဲ့အခါ သူမကို ကြည့်ရတာ ဂုဏ်သိက္ခာရှိရှိ တင့်တယ်နေပုံရကာ အလွန်အင်မတန် နူးညံ့တဲ့ အငွေ့အသက်ပါ ရနေသည်။

အထိန်းတော်ချင်းက စုချင်ကို ကြည့်လိုက်သည်။ သူမရဲ့မျက်လုံး၊မျက်ခုံးတွေကို သူအရင်ကမြင်ခဲ့ဖူးသလို ခံစားနေရသည်။ သူ သေချာကြည့်ပေမယ့်လည်း မမှတ်မိနိုင်ပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now