အပိုင်း ၁၄၇ /အပိုင္း ၁၄၇

1.2K 139 1
                                    

အခန်း ၁၄၇ - သခင်မကျင်း အလည်လာတယ်

အဲ့ဒီညမှာ ဘုရင်ခံကျန်းနဲ့ ကျန်းလင်မြို့ရဲ့ တခြားအရာရှိတွေအားလုံး ပြူးပြူးပြာပြာ ဖြစ်ကုန်ကြ၏။ နီယွင်ဖန်း မီးလောင်မှုရဲ့ နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းရှာဖွေဖို့ သူတို့လူတွေကို စေလွှတ်ကြသည်။

ထိုအချိန် ဆိုင်ရှေ့မှာ လူတွေအများကြီး စုဝေးနေပြီး လူတိုင်း နီယွင်ဖန်းဝင်ပေါက်က ကြီးမားလေးလံတဲ့ ကြေးသော့ကြီးကို မြင်ကြရ၏။ အားလုံးက ထိုအကြောင်းကို ဆွေးနွေးနေကြပြီ။ တစ်စုံတစ်ယောက်က မုယွမ်ယောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပင်။ ညလယ်ခေါင်ကြီး မီးရှို့ရုံမကဘူး ထွက်ပြေးလို့မရအောင် တံခါးကိုတောင် သော့ခတ်ထားခဲ့သေးသည်။

ကျင်းလင်မြို့သား အများစုက လက်ပန်းထိုးပညာနဲ့ အကျိုးခံစားနေရတာကြောင့် အာဏာပိုင်တွေ ဒီကိစ္စကို မြန်မြန်မဖော်ထုတ်ရင် မြို့သူမြို့သားတွေလည်း ကျေနပ်မှာမဟုတ်ပေ!

နောက်နေ့မနက်မှာ သခင်မကျင်းက မုယွမ်ယောင်ရဲ့အိမ်သို့ အပြေးရောက်လာခဲ့သည်။ စုချင်က မုယွမ်ယောင်အတွက် ရတနာရှစ်ပါးထမင်း ချက်ပြီးခါစဖြစ်ပြီး သခင်မကျင်းကို မြင်တဲ့အခါ သူမအမူအရာက ချက်ချင်း ပျော်ရွှင်သွားသည်။ အားစိုက်ထုတ်ထားတဲ့ အမူအရာ ဖြစ်ပေမယ့် စစ်မှန်၏။

“သခင်မကျင်းကို နှုတ်ဆက်ပါတယ်။ သခင်မက အခု ကိုယ်လေးလက်ဝန်နဲ့လို့ ယောင်အာ့ဆီကနေ ကြားထားတယ်။ ဒီထိလာရတာ ဒုက္ခများပါတယ်။ ယောင်အာ့အစား သခင်မကို ကျေးဇူးတင်ပါတယ်”

သခင်မကျင်းက ရှေ့တိုးလာပြီး စုချင်လက်ကို ကိုင်လိုက်သည်။ သူမမျက်နှာက စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေပြီး

“ယွမ်ယောင်က ဉာဏ်ကောင်းပြီး သိတတ်တဲ့ မိန်းကလေးပါ။ သူ ကျွန်မကို အများကြီး ကူညီပေးခဲ့တာ။ ယွမ်ယောင် ဒုက္ခရောက်တဲ့အချိန် လာမကြည့်လို့ ဘယ်ဖြစ်မလဲ။ အခု ယွမ်ယောင်နိုးနေပြီလား”

“ခုနလေးတင် နိုးလာပြီးတော့ ရတနာရှစ်ပါးထမင်း စားချင်လို့တဲ့။ အဲ့တာချက်ပြီးသွားလို့ သူ့ဆီ သွားပို့ဖို့လုပ်နေတာ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now