အပိုင်း ၁၂/ အပိုင္း ၁၂

2.7K 263 3
                                    

Unicode

မုယွမ်ယောင်က နောက်တစ်နေ့ နံနက်စောစောမှာ အိပ်ရာနိုးလာခဲ့သည်။ သူမအမေကတော့ မနေ့ညက ကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်ချောက်ချားမှုကြောင့် ပင်ပန်းကာ အိပ်ပျော်နေဆဲပင်။ သူမ နိုးသွားမှာ စိုးတာကြောင့် မုယွမ်ယောင်က တိတ်တိတ်လေး ကုတင်ပေါ်မှ ဆင်းလိုက်သည်။

လီရှီရဲ့ မျက်နှာက နီရဲနေပြီး သူမမှာ အဖျား ရှိနေတာ ဖြစ်သည်။

မုယွမ်ယောင်က အေးစက်စွာပင် လျစ်လျူရှုထားလိုက်သည်။ သူမက ထင်းတဲသို့ သွားကာ နောက်တွဲအိတ်ကို သယ်လာပြီး တံခါးပေါက်မှ ထွက်ကာ တောင်အနောက်ဘက်ဆီသို့ သွားလိုက်သည်။ သူသရုပ်ဆောင်တော့မှာ ဖြစ်တဲ့အတွက် အမှားအယွင်းမရှိအောင် သေချာ လုပ်ရမည်။ သူမ လီရှီကို မုန်းတီးပေမဲ့ ဒီအတွက်ကြောင့်နဲ့ သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခံမည် မဟုတ်ပေ။

သူမအတိတ်ဘဝတုန်းက သူမမှာ ဘာမှမရှိခဲ့။ ဒီဘဝမှာတော့ သူမရဲ့ နာမည်ဂုဏ်သတင်း အပါအဝင် အရာအားလုံးကို ပိုင်ဆိုင်ခွင့်ရရမည်!

တောင်တစ်ခုလုံးက သစ်ပင်များဖြင့် ဖုံးလွှမ်းနေပြီး ဆေးဖက်ဝင် အပင်များစွာလည်း ရှိသည်။ ရွာမှာ တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် တောင်ပေါ်တက်ပြီး ‌ဆေးပင်တွေရှာကာ ပြုတ်သောက်တတ်ကြသည်။

ဒီဆောင်းရာသီအတွင်း လေက ပြင်းလှသည်။ မုယွမ်ယောင်၏ မျက်နှာမှာ ပြင်းပြင်းထန်ထန် လေတိုက်ခံရ၍ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသည်။ သို့သော်လည်း မုယွမ်ယောင်ကတော့ အရှိန်လျှော့မသွားဘဲ သူမ၏ မျက်နှာထက်၌ အပြုံးရိပ်လေးတစ်ခုပင် ရှိနေသေးသည်။

တောင်ပေါ်ရှိ ဆေးပင်တို့က ညှိုးနွမ်းနေကာ အပင်တွေကို ခွဲခြားနိုင်ဖို့ကလည်း လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပေ။ သို့သော်လည်း သူမက အမြင်အားကောင်းပြီး သွေးတိတ်စေနိုင်တဲ့ ဆေးဖက်ဝင်အပင်များနဲ့ ထုံဆေးအာနိသင်ရှိတဲ့ ဆေးဖက်ဝင်အပင်များကို လျင်မြန်စွာပင် ရှာတွေ့နိုင်ခဲ့သည်။ ထိုအပင်တွေကို တူးပြီးတဲ့နောက် သူမက တောနက်ရှိရာသို့ ဆက်လျှောက်သွားလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now