အပိုင်း ၁၂၈ / အပိုင္း ၁၂၈

1.5K 148 2
                                    

Unicode

အပိုင်း ၁၂၈ - လက်ဖက်ရည်ကျိုနည်း အနုပညာ



လက်ဖက်ရည်ဆိုင်၏ ၄၀% မျှသာ ရှယ်ယာဝင်ထားသော်ငြား လက်ဖက်ရည်ဆိုင်တစ်ခုလုံးကို စီမံခန့်ခွဲရသူမှာ သူမသာ ဖြစ်သည်။ သခင်နှင့် အစေခံ၏ အဆင့်အတန်းကို အခုကတည်းက မခွဲခြားထားပါက နောင်တွင် ထိန်းဖို့ ပို၍ပင် ခက်ခဲလာတော့မည် ဖြစ်သည်။

ဒီလူငါးဆယ်က ဝမ်ရယ်ရဲ့လက်အောက်သားတွေဖြစ်ကာ ဒီအရပ်ဒေသသို့ စေလွှတ်ခံရလို့ သူတို့တွေ စိတ်ရှုပ်သွားနိုင်သည်။ သူတို့တွေ ညံ့ဖျင်းပြီး သူမနဲ့ လိုက်လျောညီထွေဖြစ်အောင် မနေနိုင်သရွေ့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ မဖြစ်နိုင်သေးပေ။ ပြီးတော့ သူမ ငွေအလုံးအရင်းရှာဖို့ လက်ဖက်ရည်ဆိုင်ကို အားကိုးထားသည်။ သူတို့ကြောင့်နဲ့ သူမအစီအစဉ်ကို ထိခိုက်ခွင့်ပေးမှာ မဟုတ်ဘူး!

ဝေ့ယီ နှင့် ယွင်းချွန်းတို့က အထိန်းတော်ချင်းကို ထပ်လှမ်းကြည့်တော့ သူက မျက်နှာအမူအရာ ကင်းမဲ့စွာ နှုတ်ဆိတ်နေဆဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ ခဏလောက် စဉ်းစားပြီး မုယွမ်ယောင်ဘက် နောက်တစ်ကြိမ် လှည့်ကာ အလေးပြုလိုက်ကြသည် ။

"နားလည်ပါပြီ မိန်းကလေးမု"

မိန်းကလေးမု? ထိုသို့ ခေါ်သံကြားပြီးနောက် သူမ မျက်ဝန်းတို့ နက်မှောင်သွား၏။ အခုတော့ လျော့ပေါ့ပေးလိုက်ဦးမယ်… ဘာပဲဖြစ်ဖြစ် လေ့ကျင့်ပေးဖို့အချိန်တွေ အများကြီးရှိပါသေးတယ်။

"ကောင်းပြီ၊ ငါ အခုတော့ မင်းတို့ရဲ့ ရိုင်းစိုင်းတဲ့ အကျင့်တွေကို ဗွေမယူဘူး။ မင်းတို့ နှစ်ယောက် သူတို့ကို ပြန်ခေါ်သွားလိုက်။ မနက်ဖြန်ကျရင် မင်းတို့ကို လက်ဖက်ရည်အကြောင်း သင်ပြပေးမယ်.."

"ဟုတ်ကဲ့ပါ.."

ထိုလူတွေ ထွက်သွားချိန် မုယွမ်ယောင်က အထိန်းတော်ချင်းဘက် လှည့်ကြည့်ကာ တောင်းပန်သော အပြုံးဖြင့်

"အထိန်းတော်ချင်း၊ ကျွန်မ ဆန္ဒအတိုင်း လုပ်ဆောင်လိုက်မိတာကို ခွင့်လွှတ်ဖို့ တောင်းဆိုချင်ပါတယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now