အပိုင်း ၈၅ /အပိုင္း ၈၅

2.1K 242 9
                                    

Unicode

“သခင်မက ပိန်သွယ်ပြီး  ပါးလျတဲ့ခါးရှိတယ်၊ ကျွန်မချုပ်ပေးတဲ့ဝတ်စုံကို ဝတ်လိုက်တာနဲ့ သခင်မက လွင့်မျောနေသလိုဘဲ၊ ဒါပေမယ့် နောက်လအနည်းငယ်အတွင်းမှာ ကျွန်မတို့ အဲ့တာကို မြင်ရတော့မှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ကိုယ်ဝန်ရှိနေတယ်ဆိုရင် ကျပ်တဲ့ းအဝတ်အစားတွေ ဝတ်လို့ မဖြစ်တော့ဘူးလေ၊ ကျွန်မတော့ သခင်မအတွက် ချောင်ချောင်ချိချိရှိတဲ့ အဝတ်အစားတွေ ချုပ်လုပ်ပေးရတော့မှာပေါ့၊ ဒါပေမယ့် အဲ့တာက သခင်မကို ရေပုံးတစ်ပုံးနဲ့တော့ တူသွားစေလိမ့်မယ်၊ အဲ့တာကြောင့် အလှအဆင့်သတ်မှတ်ချက် စာရင်းထဲက သခင်မနာမည် ပျောက်သွားတော့မှာပေါ့”

အမျိုးသမီးကျင်းက သူမထိုင်ခုံပေါ်ထိုင်နေရာက မတ်တပ်ထရပ်မိသွားကာ သူမ၏ မျက်လုံးတွေသည် မယုံကြည်နိုင်မှု ဒလဟော စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေသည်။

“ယောင်အာ မင်းတကယ်ပြောနေတာလား?”

မုယွမ်ယောင်က မတ်တပ်ရပ်လိုက်ပြီး အမျိုးသမီးကျင်းကို အရိုအသေပေးကာ ပြုံးလိုက်သည်။

“ယောင်အာက သခင်မကျင်းကို ဂုဏ်ပြုချင်ပါတယ်၊ နောက်ဆုံးတော့ ကျွန်မတို့ ဂရုစိုက်ပေးခဲ့တဲ့ သခင်မရဲ့ ခန္ဓာကိုယ်က ခုနစ်ဆယ်ရာခိုင်နှုန်း ရှစ်ဆယ်ရာခိုင်နှုန်းလောက် သက်သာနေပါပြီ၊ အပြည့်အဝကြီး မဟုတ်သေးပေမယ့် သခင်မရဲ့ သန္ဓေသားကို ထပ်ဆောင်း ဂရုစိုက်မယ်ဆိုရင် အားလုံး အဆင်ပြေသွားပါလိမ့်မယ်”

အမျိုးသမီးကျင်းက အံ့ဩမှုဖြင့် တုံ့ရပ်နေပြီးနောက် သူမမျက်လုံးအိမ်အတွင်းမှ မျက်ရည်များ စီးကျလာခဲ့သည်။

ယင်းဟုန်က သူမကို နှစ်သိမ့်ဖို့အတွက် ချက်ချင်း အပါးသို့ လာရောက်ရင်း မုယွမ်ယောင်ကို ဦးညွတ်လိုက်သည်။

“သခင်မလေးမုကို အလွန်တရာ ကျေးဇူးတင်ပါတယ်၊ အရမ်း ကျေးဇူးတင်ပါတယ်…”

“အစ်မ ယင်းဟုန် အဲ့လိုကြီး ယဉ်ကျေးနေစရာမလိုပါဘူး၊ သခင်မကျင်းနဲ့ ပတ်သတ်ပြီး အကျိုးရှိစေတဲ့ အရာတွေက ကျွန်မကိုလည်း ပျော်ရွှင်စေပါတယ်၊ သခင်မက သားလေး ဒါမှမဟုတ် သမီးလေး မွေးတဲ့အခါကျရင် သူတို့အတွက်လည်း ကျွန်မ အဝတ်အစားတွေ ချုပ်ပေးပါ့မယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now