အပိုင်း ၁၀၂ ပျောက်ဆုံးခြင်း
အမိန့်ပေးပြီးနောက် မုယွမ်ယောင်က ဒုတိယထပ်ကိုသွားပြီး သူမရဲ့အသင့်ဝတ်အင်္ကျီတွေကို သွားကြည့်လိုက်သည်။ ဒီနေ့ ဆိုင်ရဲ့အဝတ်သစ်တွေကိုစောင့်နေကြတဲ့ သခင်မတွေ စိတ်မရှည်ဖြစ်ကြတော့မည်။
သူမ တွေးနေတုန်းမှာပဲ ကျင်းလန်က ဒုတိယထပ်တံခါးကို ဖွင့်ဝင်လာတာမို့ ရုတ်တရက် ကြောင်သွားသည်။
“သခင်မလေး…”
ကျင်းလန်ရဲ့ အထိတ်တလန့် အသံကို ကြားတဲ့အခါ မုယွမ်ယောင်က မျက်မှောင်ကြုတ်ပြီး အခန်းတစ်ဖက်ကို လျှောက်သွားလိုက်သည်။ ထိုအခါ ဒုတိယထပ်က ကပ်ရှမီးယားကော်ဇောပေါ်တွင်ရှိနေသည့် ခြေရာတွေအများကြီးကို သူမ,မြင်လိုက်ရ၏။ ခြေဖဝါးပုံစံနဲ့ အရွယ်အစားအရ ယောကျာ်းသားဆိုတာ သေချာသည်။ ပြီးတော့ လူကနှစ်ယောက် ဖြစ်ရမည်။
ကျင်းလန်က သူမနောက်ကနေ အခန်းထဲကို လိုက်လာပြီး ပြောသည်။
“သခင်မလေး ကျွန်မတို့ ရာဇဝတ်တရားသူကြီးဆီ သွားသင့်လား”မုယွမ်ယောင်က သူမအဝတ်အစားတွေ ထားတဲ့နေရာဆီ သွားကြည့်လိုက်သည်။ အဝတ်တွေက အပျက်အယွင်းမရှိဘဲ ခြေရာလက်ရာမပျက် နဂိုအတိုင်း ရှိနေသေး၏။ အဝတ်တွေခိုးဖို့ လရောင်ခြယ်ဆိုင်ရှင်က လွှတ်လိုက်တဲ့ သူလျှိုတွေဟု သူမ,ထင်လိုက်ပေမယ့် အဲ့လိုဟုတ်ပုံမရပေ။
မုယွမ်ယောင်က ပတ်ပတ်လည်လည်ကို ဂရုတစိုက် ကြည့်လိုက်ပြီး ပြတင်းပေါက်ဘောင်မှာ ပေနေတဲ့ ခြေရာတွေကို မြင်လိုက်သည်။ ကြည့်ရတာ အဲ့လူနှစ်ယောက်က ပြတင်းပေါက်ကနေကျော်ပြီး အခန်းထဲကို ဝင်ခဲ့တဲ့ပုံပင်။
“မင်း အပေါ်ထပ်နဲ့ အောက်ထပ်ကို တစ်ချက်လောက် သွားကြည့်ချည်။ သဲလွန်စတစ်ခုခုများ တွေ့မလားလို့”
“ဟုတ်ကဲ့ပါ သခင်မလေး”
ကျင်းလန်တစ်ယောက် ဟိုဟိုဒီဒီ ရှာကြည့်ပြီးနောက် ပြန်ရောက်လာသည်။
“သခင်မလေး ဘာသဲလွန်စမှရှာမတွေ့ခဲ့ပါဘူး။ ချီရှီပွဲနေ့တုန်းက သခင်မလေး ရေးထားတဲ့ နံရံမှာချိတ်ထားတဲ့ ကဗျာကတော့ ပျောက်နေပါတယ်”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...