ရုတ်တရက် အိပ်ရာပေါ်ကနေ အသံတစ်ခု ထွက်လာသည်။ မုယွမ်ယောင် လှည့်ကြည့်လိုက်တဲ့အခါ လီရှီက သူမကို တစ္ဆေတစ်ကောင် မြင်သလိုမျိုး အလန့်တကြား ပြူးကြည့်နေ၏။
"နင်...နင်... သူ့ကို သတ်လိုက်တယ်..."
"ဟုတ်တယ် ကျွန်မ သတ်လိုက်တာ။ ဒီတော့ အဖွား အော်လိုက်လေ။ ရွာသားတွေ အကုန်လုံး ဒီရောက်လာအောင် အော်လိုက်"
"ဟင့်အင်း ငါဘာမှမပြောပါဘူး။ ငါ့ကို မသတ်ပါနဲ့ ငါ့ကို မသတ်ပါနဲ့!"
"ရှင်က ကျွန်မအဖွား၊ ရှင့်သွေးတွေက ကျွန်မကိုယ်ထဲ စီးဆင်းနေတာ။ ရှင့်ကို ဘာလို့ သတ်ရမှာလဲ။ ဒါကြောင့် အော်လိုက်စမ်းပါ အားလုံးကို ခေါ်လိုက်"
"ဟင့်အင်း ငါ..."
လီရှီက ရူးလောက်အောင် ကြောက်ရွံ့နေပြီဖြစ်ပြီး အသံတစ်သံမျှ မထွက်ရဲပေ။
မုယွမ်ယောင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမလက်ထဲက ဓားမြှောင်ကို ဝေ့ကာ လီရှီရဲ့ လည်ပင်းနား ချိန်လိုက်သည်။
"အော်လို့!"
"အားးး! ဒီမှာ လူသေကုန်ပြီ!! လူသတ်မှု ဖြစ်ကုန်ပြီ!!"
အော်သံအကျယ်ကြီးက တစ်ရွာလုံးကို နိုးသွားစေခဲ့၏။
လီရှီက အားကုန်သုံးပြီး သဲကြီးမဲကြီး အော်ဟစ်တော့သည်။ ခဏအကြာမှာ တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။ သူမမျက်လုံးတွေ တောက်ပသွားသည်။ ဒီတစ်ခါတော့ မုယွမ်ယောင် သေပြီပဲ!
လွန်ခဲ့တဲ့ နှစ်ရက်အတွင်း မုယွမ်ယောင်အပေါ် သူမရဲ့အမြင်တွေ လုံးဝ ပြောင်းသွားခဲ့သည်။ ဒီငကြောက်မလေးကို မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်က ဝင်ပူးနေတဲ့ပုံပင်။ ထိုမဟူရာ မျက်လုံးတွေက လူတစ်ယောက်ကို ရေခဲတုံး ဖြစ်သွားစေနိုင်သည်။
သို့ပေမယ့် သူမ စိုးရိမ်စရာ မလိုတော့ပေ။ အဲ့ကလေးမက လူသတ်လိုက်ပြီဆိုတော့ သေချာပေါက် အပြစ်ပေးခံရမှာပဲ!
ဒါကို တွေးမိတဲ့အခါ လီရှီတစ်ယောက် သူမခြေထောက်က နာကျင်မှု ပျောက်ကင်းသွားသလို ခံစားလိုက်ရ၏။ မုယွမ်ယောင်ကို ခိုးကြည့်ရင်း သူမရင်ထဲ အပျော်တွေ ပြည့်နေတော့သည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...