အပိုင်း၉၇/အပိုင္း၉၇

1.9K 217 5
                                    


ယွီဟိန်က လျင်မြန်စွာဘဲ ခေါင်းညိတ်လိုက်ပြီး တံခါးဆီသို့လျှောက်သွားလိုက်ကာ သော့အိမ်ကို စိုက်ကြည့်လိုက်ရင်း သူ့နှုတ်ခမ်းတွန့်လိုက်သည်။ အကယ်၍ ဒီသော့အိမ်ကိုသုံးပြီး တစ်ယောက်ယောက်ရဲ့ ခေါင်းကို ရိုက်လိုက်ရင် ချက်ချင်း သတ်ပြီးသား ဖြစ်သွားလိမ့်မည်။ ဒီသော့အိမ်က တော်ဝင် မြေအောက်အကျဉ်းတိုက်ကဟာ ထက်တောင် ပို၍လေးလံသေးသည်။ သူ ဒါကို ပွင့်အောင် ကလန့်ပြီး ချိုးဖျက်ဖို့ ကြိုးစားရင် ငတုံးဖြစ်သွားမှာပေါ့!

“သခင် ဒီသော့အိမ်က ချိုးဖျက်ဖို့ ခက်ပေမယ့် ဒုတိယထပ်ပြတင်းပေါက်ကတော့ ပွင့်နေပုံရတယ်၊ အဲ့ကနေဘဲ ဝင်ကြည့်ကြရင်ရော?”

ယွဲ့ဝမ်၏ အရှိန်အဝါတွေက ပိုပြီးတောင် အေးစက်လာတာကြောင့် ယွီဟိန်က လျင်လျင်မြန်မြန်ဘဲ အခြေအနေကို လျှော့ချဖို့ ကြိုးစားလိုက်သည်။

“သခင် မိန်းကလေးမုက မကြာခင် ပြန်လာတော့မှာ၊ အကယ်၍ တံခါးကို ချိုးဖောက်ထားတာသာ မြင်လို့ကတော့ အစောင့်တွေခေါ်ပြီး အရာရှိတွေဆီ တင်ပြနိုင်တယ်၊ အဲ့လိုသာဆို ကျွန်တော်တို့ ဒုက္ခရောက်ရလိမ့်မယ်၊ အကယ်၍ ကျွန်တော်တို့ တံခါးကနေ ဝင်မယ်ဆိုရင် အဲ့တာတွေ တစ်ခုမှ ဖြစ်မှာမဟုတ်ဘူး”

ယွဲ့ဝမ်က အေးတိအေးစက်ဖြင့် သူ့ကို ကြည့်လာသည်။ သူက ဒုတိယထပ်ကို မော့ကြည့်လိုက်ပြီး သွက်လက်စွာဖြင့် တံခါးကို ကျော်ခုန်သွားသည်။

ယွီဟိန်က သူ့နှဖူးပေါ်ရှိ ချွေးအေးများကို သုတ်လိုက်ပြီး အားဖျော့စွာဖြင့် ပြုံးလိုက်သည်။ သူက ယွဲ့ဝမ်နှင့်အတူ ကြီးပြင်းလာတာကြောင့် သူတို့က အတော်လေး ကောင်းမွန်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြသည်။ ဒါပေမယ့် ယွဲ့ဝမ်၏ အေးစက်သော အရှိန်အဝါက သူ့အသက်မီးအိမ်ငယ်တွေကို ထိတ်လန့်စေသေးသည်။

ဝမ်ဖန်းစားသောက်ဆိုင်ထဲတွင် မုယွမ်ယောင်က သူမဆွဲဆောင်ခဲ့သော သက်ရှိမကောင်းဆိုးဝါးသည် နီယွင်တွင် ရောက်ရှိနေကြောင်း စိုးစဉ်းမျှ မသိရှိသေးပေ၊ အခုချိန်မှာတော့ သူမက ‘လကို ကြိုဆိုခြင်း’အကကို အတူတကွ ကနေကြသော မိန်းကလေးခုနစ်ယောက်ကို သဘောကျစွာ ကြည့်နေရင်း မနေနိုင်ဘဲ စုမိသားစုကသမီး စုယွီရီကို တွေးမိလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now