အပိုင်း ၂၆/ အပိုင္း ၂၆

2.5K 243 1
                                    

Unicode

စုချင်က မုယွမ်ယောင် စနေတယ်ထင်ပြီး ရယ်မောရင်း သူ့သမီးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ဟုတ်ပါပြီ။ ယောင်အာသွားချင်ရင် အမေတို့သွားမှာပေါ့။ သမီးသာရှိရင် ဘယ်နေ‌ရာဖြစ်ဖြစ် အမေပျော်တယ်"

မုယွမ်ယောင်က ထိုင်ခုံပေါ်ကနေ ခုန်ဆင်းပြီး ပျော်ပျော်ကြီး ရယ်မောလိုက်သည်။

"ဟုတ်ပြီ။ အမေသ‌ဘောတူတယ်ဆိုမှတော့ သမီး ငွေကြိုးကြိုးစားစား ရှာမယ်။ ပြီးရင် အမေ့ကို ရှုခင်းလှလှလေးတွေ ကြည့်ဖို့ ခေါ်သွားမယ်"

"ဟဲ့...အိုကွယ် ဂရုစိုက်ပါဦး! ဒဏ်ရာက ပျောက်သေးတာ မဟုတ်ဘူး မခိုက်မိစေနဲ့!"

"သိပါတယ် အမေရဲ့"

မုယွမ်ယောင်က လက်ထဲကငွေကို ကိုင်ရင်း သူမမျက်လုံးထဲက ဆုံးဖြတ်ချက်ဟာ ပိုပိုပြီး မြင်သာလာသည်။

ကျန်းယုံအန်းသေအောင် အကွက်ချလိုက်ကတည်းက ဒီရွာကိုစွန့်ခွာဖို့ ဆုံးဖြတ်ထားပြီးပြီပင်။ အဲ့ဒါက စုမိသားစုကို ထိပ်တိုက် မရင်ဆိုင်နိုင်သေးတာကြောင့်လည်း ပါသည်။ သူမမှတ်မိသလောက်တော့ နောက်တစ်နှစ်နဲ့ တစ်ဝက်နေရင် စုမိသားစုက သူမတို့သားအမိကို‌ ပြန်ခေါ်ဖို့ ရွာကိုရောက်လာကြလိမ့်မည်။ သို့ပေမယ့် စုချင်ရဲ့စရိုက်ကို ထည့်တွေးကြည့်ရင် သူတို့တွေ အစကတည်းက စုချင်ရဲ့ နဂိုနောက်ခံကို သိပြီးသားလားဆိုတာ သူမလည်း မသေချာဘူး။

ဒီဘဝမှာတော့ စုမိသားစုကို ဆန့်ကျင်ပြီး တန်ရာ‌တန်ကြေး ပြန်ဆပ်ခိုင်းချင်သည်။ သို့ပေမယ့် သူမတို့သားအမိ နှစ်ယောက်တည်းနဲ့ ဒါက ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ထို့ကြောင့်မို့ စုမိသားစု မရောက်လာခင် အာဏာရော၊ ငွေကြေးရော လုံလုံလောက်လောက် စုဆောင်းရမည်။ ဒီလိုလုပ်ဖို့ဆိုရင် ဒီရွာသေးသေးလေးကထွက်ပြီး အခြေခံအစကောင်းမယ့် ချမ်းသာကြွယ်ဝပြီး လူနေသိပ်သည်းတဲ့ မြစ်တောင်ဘက်ခြမ်းက သူမအတွက် အကောင်းဆုံးနေရာပင်ဖြစ်၏။

တောင်ပိုင်းဒေသက အတော်အလှမ်းကွာလွန်းသည်။ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေလည်းရှိပြီး ဖြေရှင်းဖို့လည်း ငွေအရင်းအနှီးလိုသည်။ သူမလက်ထဲက ငွေနဲ့တော့ လုံးဝလောက်မှာမဟုတ်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now