အပိုင်း ၁၂၄ /အပိုင္း ၁၂၄

1.4K 144 6
                                    

Unicode

အပိုင်း ၁၂၄ - စာချုပ်တွင် လက်မှတ်ထိုးခြင်း

  

“သခင်မကို တကယ်ကို လိမ်လို့မရဘူးဘဲ။ ကျွန်မလည်း ဘာဖြစ်ခဲ့လည်းဆိုတာ အတိအကျမသိပေမယ့်လို့ အဲ့ဒီနေ့ သခင်မကို အင်္ကျီလဲပေးတုန်းက သခင်မရဲ့ လက်ကောက်ဝတ်ကို ကိုင်ကြည့်တော့ သခင်မရဲ့ခန္ဓာကိုယ်က အေးပြီး တောင့်တောင့်ကြီး ဖြစ်နေတယ်လေ။ အဲ့တာကြောင့် သခင်မက မကောင်းတဲ့ဆေးဝါးတွေ သောက်ထားတာဖြစ်ရမယ်လို့ တွေးလိုက်တာ…သောက်နေတဲ့အချိန်ကလည်း မနည်းလောက်တော့ဘူး။ အဲ့ဆေးကြောင့် သခင်မက အချိန်အကြာကြီး ကလေးမရဖြစ်နေခဲ့တဲ့အပြင် သခင်မရဲ့အင်္ကျီပေါ်မှာလည်း မသန့်ရှင်းတဲ့အရာတွေ ရှိနေသေးတယ်…အဲ့တာတွေက သခင်မကိုယ်တိုင်လုပ်ထားတာတော့  မဖြစ်နိုင်ဘူးလေ”

တင်းယွဲ့လန်၏ နှုတ်ခမ်းများက တုန်ယင်သွားပြီး သူမ ပါးစပ်ဖွင့်ဖို့ကို အချိန်ခဏလောက် ယူလိုက်ရသည်၊

“ငါ့ရဲ့ အဝတ်တွေပေါ်မှာ ဘယ်လို မသန့်ရှင်းတဲ့အရာ ရှိနေတာလဲဆိုတာ ပြောပြနိုင်မလား?”

“သခင်မရဲ့ပိုက်ဆံအိတ်အနံ့က တင်းရှန်းပန်းရဲ့အနံ့ရှိတယ်၊ ဒါပေမယ့် အဲ့ဒါက ကလျာဏီမြက်နဲ့ ရောနေပြီး သခင်မရဲ့အင်္ကျီတွေကလည်း ကလျာဏီအရည်ထဲမှာ စိမ်ခံထားရတဲ့ သဲလွန်စတွေ ရှိနေတယ်။ ရေရှည်ဆိုရင် သခင်မရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ထိခိုက်စေပြီး အသက်အန္တရာယ်တောင် ထိခိုက်စေနိုင်တယ်"

တင်းယွဲ့လန်က တိတ်ဆိတ်နေပေမယ့် သူမရဲ့မျက်ရည်တွေကတော့ အဆက်မပြတ် ကျနေသည်။

“သူတို့က ရက်စက်တယ်လို့ ငါထင်ပြီးသား ဒါပေမယ့် အဲ့လောက်ထိ လူမဆန်လိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး”

မုယွမ်ယောင်က တင်းယွဲ့လန်နဲ့အတူ တိတ်တဆိတ် ထိုင်ပေးနေသည်။ နာရီဝက်နီးပါးလောက် တင်းယွဲ့လန်ငိုပြီးနောက် ကျနေတဲ့ မျက်ရည်တွေ တိတ်သွားပြီး သူမမျက်နှာက တဖြည်းဖြည်း တည်ငြိမ်လာသည်။

“မိန်းကလေး မင်း ငါ့ကို ပေးခဲ့တဲ့စာချုပ်က အခုထိ အကျုံးဝင်တုန်းလား?”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now