အပိုင်း ၁၃၉ /အပိုင္း ၁၃၉

1.3K 140 2
                                    

Unicode

အပိုင်း ၁၃၉ - ချင်းလုံချူးကွမ်ဆီသို့ စေလွှတ်ခြင်း



သူတို့အပြုအမူကို ကြည့်ပြီး မုယွမ်ယောင်စိတ်ကျေနပ်သွားသည်။ သူမက သူတို့ကိုထူပေးကာ စိတ်ရှည်ရှည်ရှင်းပြ၏။

“ရက်အနည်းငယ်အတွင်းမှာ လက်ဖက်ရည်ဆိုင်ဖွင့်တော့မှာ။ နီယွင်ဖန်းကို အမေ့ဆီ လက်လွှဲပေးတော့မှာမို့ တိုက်ခိုက်မယ့်သူတွေ ရှိလာတော့မှာလေ။ သူမကိုကာကွယ်ပေးဖို့လိုအပ်တယ်။ အဲ့ဒီအစေခံလေးယောက်က အမေ့ကို ကူညီပေးဖို့ ငါရှာထားတဲ့ အကူတွေ။ မင်းတို့နှစ်ယောက်ကတော့ ငါနဲ့အတူ လက်ဖက်ရည်ဆိုင်ကိုဂရုစိုက်ရမယ်။ မင်းတို့ နည်းနည်းလေးတောင် စည်းကျော်လိုက်လို့မဖြစ်ဘူးနော် ဟုတ်ပြီလား"

“ဟုတ်ကဲ့ပါ သခင်မလေးစိတ်ချပါ။ ကျွန်မတို့တွေ အကောင်းဆုံးကြိုးစားပါ့မယ်”

ကျင်းလန်နှင့် ကျင်းချောင်တို့ရဲ့ မျက်လုံးတွေမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နေသည်။ မုယွမ်ယောင်က သူမတို့ကို မြင့်မြင့်မှန်းထားပြီး အားတက်သရောပျိုးထောင်ပေးဖို့ စီစဉ်ထားသည်တဲ့။ ထိုအရာထက် ပိုပျော်ဖို့ကောင်းတာ မရှိတော့ဘူး။

“ကောင်းပြီး အခု အခန်းသွားပြင်ချေ။ ပြီးတော့ သူတို့လေးယောက်အတွက် အဝတ်အစားနဲ့ငွေတွေကို စစ်ချင်ဆီပို့လိုက်။ ခဏနေရင် ငါတို့တွေ ကျင်းရှို့ဥယျာဉ်ဆီသွားကြမယ်”

“ဟုတ်ကဲ့ပါ သခင်မလေး”

ထိုနှစ်ယောက်ထွက်သွားတော့ မုယွမ်ယောင်လည်း မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။ ကျင်းလန်နှင့် ကျင်းချောင်တို့က နာခံတတ်ပြီး အလုပ်ကြိုးစားချင်စိတ်ရှိတယ်။ သူမကိုလည်း အလွန်သစ္စာစောင့်သိကြတာကြောင့် သူတို့ကို အစားထိုးဖို့ အစီအစဉ်မရှိဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့အတွေ့အကြုံက နည်းပါးသေးပြီး လင်းရန်လိုအရှိန်အဝါမရှိသေးတာမို့ သူတို့ကို တတ်နိုင်သမျှမြန်မြန် ပျိုးထောင်ပေးဖို့လိုသည်။ မဟုတ်လျှင် စုမိသားစုလိုနေရာမှာ သူတို့က အကူအညီမပြုနိုင်တဲ့အပြင် သူတို့ကိုပါ သူမ ပြန်ကာကွယ်စောင့်ရှောက်ပေးနေရလိမ့်မည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now