အခန်း ၃၉ / အခန္း ၃၉

2.3K 243 4
                                    

Unicode

မုယွမ်ယောင် စိတ်အေးသွားသည်။ သူမအမေ အလွယ်တကူနဲ့ လက်ခံသွားတာကြောင့် ဝမ်းသာမိသည်။ သူမက လီရှီကို စိုက်ကြည့်ပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

“အဖွား၊ တကယ်လို့ နောက်တစ်နှစ်ကျော်လောက် အသက်ရှင်နေဦးမယ်ဆိုရင် ကျွန်မကို မြို့တော်မှာ လာရှာလိုက်လေ။ ဘယ်သူသိမှာလဲ ကျွန်မကို လက်စားချေချင်တဲ့ တစ်ယောက်ယောက်နဲ့ တွေ့ချင်တွေ့နေမှာပေါ့!”

“ယောင်အာ၊ ယောင်အာ၊ နင် ကိုယ့်အဖွားကို ဒီလိုစွန့်ပစ်လို့ မရဘူးလေ။ နင့်အဖေ စိတ်မကောင်းဖြစ်မှာပေါ့… ယောင်အာ၊ မသွားပါနဲ့… မုယွမ်ယောင် ကောင်မစုတ်လေး! အသေဆိုးနဲ့သေပါစေ အသေဆိုးနဲ့သေပါစေတော်!”

မုယွမ်ယောင်က ခြေနှစ်လှမ်း ရှေ့ဆက်လျှောက်ပြီးတော့မှ ပြန်လှည့်လာကာ သူမရှေ့မှာ ရပ်လိုက်သည်။

“အာ… မေ့တော့မလို့။ အဖွား၊ လင်းကျန်းမြို့က ယန်မြို့နဲ့ အရမ်းနီးတယ်ဆိုတော့ စိတ်ချလက်ချ ဖြစ်အောင်လို့ အဖွားစကားတစ်လုံးမှ မပြောအောင် သေချာလုပ်ထားခဲ့ရဦးမယ်”

“နင်…နင် ဘာလုပ်မလို့လဲ။ ငါ့နားမလာနဲ့ ဝေးဝေးသွား…အားးး…”

မုယွမ်ယောင်က သွေးစွန်းနေတဲ့ ဓားကို အနားကချုံပုတ်ထဲ လွှင့်ပစ်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်ပြီး သူမအဝတ်အစားတွေကို ပြန်ပြင်လိုက်ကာ

“အဖွား၊ ဒါ အဖွားနဲ့ ထိုက်တန်တယ်”

“အားး… အူး အူး…”

မုယွမ်ယောင်က တောအုပ်ထဲကနေ ထွက်လာပြီး စုချင်လက်မောင်းကို တွဲလိုက်သည်။

“အမေ၊ သွားစို့။ သမီးတို့တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့ပြီးပြီပဲ”

စုချင်က ခေါင်းညိတ်လိုက်သည်။

“အင်း”

သူတို့နှစ်ယောက် မြို့ထဲသို့ မထင်မရှားပုံစံနှင့် တရွေ့ရွေ့ ဝင်သွားလိုက်ကြသည်။

ဒီကနေ ရှီးလင်မြို့တော်ကို ရေလမ်းကနေ သွားဖို့အတွက် နှစ်ရက်ခွဲ ကြာလိမ့်မည်။ ဒီမြို့ဟာ အရပ်မျက်နှာတိုင်းကို ရေလမ်းဖြန့်ကျက်ထားပြီး အလွန်ကောင်းမွန်တဲ့ တည်နေရာတစ်ခု ဖြစ်တာကြောင့် ကုန်သည်တွေ စုဝေးဖို့ နေရာကောင်းတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် လူကောင်းလူဆိုး ရောထွေးနေတဲ့ နေရာဟုဆိုလည်း မမှားပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now