အပိုင်း ၇၅ / အပိုင္း ၇၅

2.1K 225 12
                                    

Unicode

ဆိုင်ရှင်ကျင်းက ဒီအခွင့်အခါကြုံခိုက်မှာ တစ်ခါတည်း အသေးစိတ် ပြောပြပေးသည်။

"သခင်မ ၊ သခင်မလေး နေရာကို ပြုပြင်ပြောင်းလဲချင်တာ ရှိရင် ကျွန်တော့်ကို ပြောပါ။ လိုအပ်တဲ့ ပြောင်းလဲမှုတွေကို အလုပ်သမားတွေကို ဆောင်ရွက်ခိုင်းလိုက်ပါ့မယ်။ ဆိုင်ဖွင့်နိုင်ဖို့ရာ အများဆုံး အချိန်နှစ်ပတ်လောက်ပဲ ယူရမှာပါ”

ဒါကို ကြားတော့ စုချင်က သိပ်ဝမ်းသာသွားသည်။

"ဒီနေရာ အပြင်ဆင်က အရမ်းလှတယ်။ ကျွန်မတို့တွေ ဘာမှ သိပ်ပြောင်းဖို့ မလိုလောက်ဘူး ထင်တာပဲ……ယောင်အာရော ဘာပြင်ချင်သေးလဲ"

"သမီးဆိုင်က အမျိုးသမီးဖောက်သည်တွေအတွက်ပဲ ဖွင့်တာ ဆိုပေမယ့် ဒီစားသောက်ဆိုင်ကကျ လူတိုင်းအတွက် ဖွင့်တာ။ အပြောင်းအလဲ အချို့လုပ်ဖို့တော့ သေချာပေါက် လိုဦးမှာ။ သမီးတို့ တစ်ချက်လောက် လှည့်ပတ် ကြည့်ရအောင်လေ။ ဆိုင်ရှင်ကျင်း ကျွန်မတို့‌တွေ အိမ်ပြန်ရောက်မှ လိုအပ်တာလေးတွေ ပုံကြမ်းဆွဲပြီး ပေးပို့လိုက်ပါ့မယ်"

"ကောင်းပါပြီ"

ဆိုင်ရှင်က ချက်ချင်း ပြန်ဖြေလာသည်။

နှစ်ယောက်သား စိတ်ကျေနပ်တဲ့အထိ စားသောက်ဆိုင်ထဲ လှည့်ပတ် ကြည့်‌ခဲ့ကြသည်။ သူတို့တွေ အောင်ပွဲခံတဲ့ အနေနဲ့ ဘယ်လိုဟင်းပွဲတွေ ချက်ကြရင်ကောင်းမလဲ တိုင်ပင်နေကြရင်း သူမတို့တွေ ရထားလုံး ထုတ်တော့မယ့် အချိန်မှာပဲ လရောင်ခြယ်ဆိုင်ရှင်ကို တွေ့လိုက်ရသည်။

လရောင်ခြယ်ဆိုင်ရှင်ရဲ့မျက်နှာက တွန့်သွားပြီး ဒေါသကြောင့် ခရမ်းပုတ်ရောင် ပြောင်းသွားသည်။

"မင်း…..မင်း.…."

မုယွမ်​ယောင်က ပြုံးလျက် ထိုလူရဲ့ မျက်ခုံးမွှေး ရှိနေသင့်တဲ့ နေရာကို ဖြတ်ခနဲ ကြည့်လိုက်သည်။ သူမအပြုံးက ပိုပြီးတောင် တောက်ပလာသည်။
"ဆိုင်ရှင် စီးပွားရေးတွေ အဆင်ပြေရဲ့လား"

"ဟမ့် မိန်းကလေးမုလောက်တော့ ဘယ်ကောင်းပါ့မလဲ"

နွေဦးပိုးထည်‌ဆိုင် ကျဆုံးသွားတာနဲ့ သူ့လရောင်ခြယ်ဆိုင် စီပွားရေး တိုးတက်လာတော့မယ်ဆိုပြီး မှတ်ယူခဲ့ပေမယ့် လူတွေက သူ့ဆိုင်မှာ ဝယ်ဖို့ထက် ငွေပဲစုနေကြမယ်လို့ မထင်ထားခဲ့ဘူး။ အကုန်လုံးက ဒီကောင်မစုတ်ကြောင့်ပဲ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now