အပိုင်း၁၁၁ /အပိုင္း၁၁၁

1.8K 182 0
                                    

[Unicode]အပိုင်း ၁၁၁ - ဆိုင်ပိတ်သည်

အမျိုးသမီးကျင်းက သက်ပြင်းချလိုက်၏။

“မဟုတ်သေးပါဘူး သူမက အရမ်းကောင်းပေးလွန်းနေသလိုပဲ”

“ဒီအစေခံ တုံးအပါတယ်။ သူက မကောင်းဘူးလားဟင်"

“အဲ့ဒီလို မဟုတ်ဘူး ငါ သက်ပြင်းချတယ်ဆိုတာ ဘယ်လိုမိသားစုမျိုးက ဒီလို ပြေပြစ်သိမ့်မွေ့တဲ့သူကို ပြုစုပျိုးထောင်နိုင်တာလဲ မသိတာကြောင့်ပါ”

မုယွမ်ယောင် အစေခံနှစ်ယောက်ကို ပြန်ပို့လိုက်တုန်းက အချိန်ကိုက်ပဲဆိုပြီး သူမ ဝမ်းသာနေခဲ့ပေမယ့် သူမ သေချာ တွေးကြည့်မိတော့ မုယွမ်ယောင်လုပ်ရပ်ရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ အခြား အနက်အဓိပ္ပာယ်တွေ ရှိနေမယ်လို့ ခံစားနေရသည်။

မုယွမ်ယောင်မှာ သူတို့နှစ်ယောက်ရဲ့ အစေခံစာချုပ် ရှိ‌နေပြီးသား။ သခင်ကို သစ္စာဖောက်မှန်း သိရင် သူတို့ကို အရင်ရှင်းပစ်လိုက်ပြီး နောက်မှ သခင်မကျင်းကို အသိပေးရင်ရသည်။ သူတို့ကို ပြန်ပို့နေဖို့ မလိုပေ။

မုယွမ်ယောင် သူတို့ကိုပြန်ပို့လိုက်တယ်ဆိုတာက သူမကိုယ်တိုင်ကလည်း အဲ့နှစ်ယောက်ကို အပြစ်ပေးမယ်ဆိုတာ ကြိုသိနေလို့ မျက်နှာသာပေးချင်တဲ့ပုံစံလုပ်လိုက်တာဖြစ်မည်ဟု ခန့်မှန်းမိသည်။ ဒီနေ့ သွယ်ဝိုက်မေးမြန်းကြည့်ပြီးနောက် ဒီခန့်မှန်းချက် တကယ် မှန်ကန်နေခဲ့သည်။

ယင်းဟုန် သိပ်သဘောမပေါက်ပေ။

“အရင်က ဒီအစေခံလည်း လူလွှတ် စုံစမ်းစစ်ဆေးကြည့်စေခဲ့ပါတယ်။ သူမက သာမန်မိသားစုတစ်ခုက ပေါက်ဖွားလာသူ။ အဖေဖြစ်သူက သူမငယ်ငယ်ကတည်းက သေဆုံးသွားခဲ့လို့ အမေတစ်ခု သမီးတစ်ခုအနေနဲ့ တစ်ယောက်အပေါ် တစ်ယောက် မှီခိုရပ်တည်နေကြတာပါ။ သူမက မိသားစုကြီးတစ်ခုခုနဲ့ ဆက်စပ်မှုရှိပုံ မရပါဘူး”

“မင်းစေလွှတ်လိုက်တဲ့ အဲ့ဒီလူတွေက ဘယ်လောက်များ စုံစမ်းနိုင်ခဲ့မှာတဲ့လဲ။ သူတို့သိခဲ့တာ အပေါ်ယံပဲ။ ကံကောင်းစွာနဲ့ ယွမ်ယောင်နဲ့ငါ့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး နှစ်ဖက်လုံးအတွက်လည်း အကျိုးရှိတယ်။ ဒါ့အပြင် သူမ ငါ့ကို အများကြီး ကူညီပေးထားတာတွေအတွက် တကယ် ကျေးဇူးတင်မိတယ်။ သူမစိတ်မပြောင်းသရွေ့ ဒီကောင်းမွန်တဲ့ ဆက်ဆံရေးက ထာဝရတည်မြဲ‌နေလိမ့်မယ်။ နီယွင်ဖန်းကို စောင့်ကြည့်ပေးထားဖို့ လူအချို့ကို သွားအမိန့်ပေးချေ။ အဲ့ဒီမှာ ပြဿနာတစ်ခုခု ဖြစ်တယ်ဆိုရင် ငါ့ကို အရင် သတိပေး”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now