အပိုင်း ၁၄၈ /အပိုင္း ၁၄၈

1.2K 140 1
                                    

Unicode

အပိုင်း ၁၄၈ - လူငါးဆယ်ပြန်ရောက်လာပြီ

မုယွမ်ယောင်က အိမ်တွင် အေးအေးချမ်းချမ်း ပြန်လည် အနားယူနေသော်ငြား ကျင်းလင်မြို့တစ်ခုလုံးမှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။

တင်းမိသားစု၏ ဆိုင်အားလုံးကို ချိပ်ပိတ်ထားပြီး ပြည်သူတွေ မေးမြန်းကြည့်သောအခါမှ နီယွင်ဖန်း မီးလောင်ရာတွင် တရားခံဖြစ်နိုင်ခြေအရှိဆုံးမှာ တင်းမိသားစုမှ လူများဖြစ်ကြောင်း သိရှိလိုက်ရသည်။ ချက်ချင်းဆိုသလို လူအများက တင်းမိသားစုအပေါ် နှစ်သက်သည့် အထင်အမြင်မရှိတော့ဘဲ ကျင်းလင်မြို့တစ်ခွင်၌ သတင်းက ပျံ့နှံ့သွားသည်။ မိန်းကလေးမုကို ရှင်းပြချက်တစ်ခုပေးဖို့ တင်းမိသားစုအား ပြင်းထန်စွာ အပြစ်ပေးသင့်သည်ဟု၍လည်း ကြွေးကြော်လာကြသည်။

တင်းမိသားစုက ဖမ်းဆီးထောင်ချခံလိုက်ရသည်။ ခဏကြာ စစ်ဆေးမေးမြန်းပြီးနောက် ကျင်းလင်ထုံကျစ်နဲ့ ရွှမ်ဖုက သူတို့ကို အမိန့်ပေးလာတာ ဖြစ်ကြောင်း ပြောပြလာသည်။ ထို့ကြောင့် သူတို့ အရဲတင်းကာ နီယွင်ဖန်းကို မီးတင်ရှို့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်ဟု၍…

တင်းမိသားစုက ထိုသို့ပြောသည်နှင့် တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။

ကျင်းလင်ထုံကျစ်နှင့် ရွှမ်ဖုတို့၏ လူထုနာမည်ဂုဏ်သတင်းမှာ အတော်လေး ကောင်းမွန်ပြီး လူအများက သူတို့ကို ထောက်ခံကြသည်။ နီယွင်ဖန်းကို မီးရှို့ဖို့ ခိုင်းစေတဲ့သူများဖြစ်ကြောင်း သိလိုက်ရတော့ စုံစမ်းစစ်ဆေးမှုတွင် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု လူအများက သံသယရှိလာကြသည်။

ထို့နောက် ချက်ခြင်းပင် ဘုရင်ခံကျန်းက သူတို့နှစ်ဦးအား လူသိရှင်ကြား စစ်ဆေးမေးမြန်းရေး ပြုလုပ်ရာ လူအများက အစိုးရဌာနဝင်ပေါက်ဆီသို့ သွားပြီး စစ်ဆေးမေးမြန်းမှုကို နားထောင်ကြသည်။

ပထမတော့ ထိုလူနှစ်ယောက်က နီယွင်ဖန်းကို မီးရှို့တာကို ဝန်မခံခဲ့ဘူး။ ဒါပေမယ့် အချို့သော စုံစမ်းစစ်ဆေးမှုအပြီးမှာတော့ အခြားသော မယုံနိုင်စရာ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now