[Unicode]
အပိုင်း၁၁၄ - ချိုင်ယွဲ့ဆိုင်ရှင်အား တရားဆွဲဆိုခြင်း
နောက်တစ်နေ့တွင် ရာသီဥတုက အုံ့မှိုင်းပြီး အိုက်စပ်စပ်ဖြစ်နေ၏။
ကျင်းလန်နှင့် ကျင်းချောင်တို့ တခြားသူတွေနဲ့အတူတူ မနက်စောစော၌ ညစ်ပတ်နေသော ကော်ဇောများကို လဲနေကြသည်။ မုယွမ်ယောင် အပေါ်ထပ်မှဆင်းလာတာကိုတွေ့တော့ သူတို့က စိုးရိမ်မိသွားကြသည်။
“သခင်မလေး ကျွန်မတို့ တတ်နိုင်သလောက် မြန်မြန်လေး အဝတ်အစားတွေကို ပြီးအောင်လုပ်ပါ့မယ်။ သခင်မလေး အပေါ်ထပ်ကို ပြန်ပြီးအနားယူလိုက်ပါဦး”
“အဆင်ပြေပါတယ်၊ ရာသီဥတုကအတော်လေးပူပြီး မွန်းကြပ်လို့ ငါမအိပ်နိုင်ဘူး၊ မင်းတို့နဲ့ အတူတူလိုက်ပြီး အပ်ချုပ်တာဘဲကောင်းတယ်”
မနေ့ညက သန်းခေါင်ယံအထိ ဝတ်စုံရဲ့စကတ်ပိုင်းကို ပန်းထိုးခဲ့တာကြောင့် မုယွမ်ယောင်က နာကျင်နေတဲ့ လည်ပင်းကို နှိပ်လိုက်သည်။
“လက်ပန်းထိုးတာသင်ချင်တဲ့သူတွေ ရှိလား"
အမျိုးသမီးအလုပ်သင်များက အလျင်အမြန်ကြည့်လိုက်ကြသည်။
“သခင်မလေးရဲ့ ကိုယ်ပိုင်နည်းလမ်းကို ကျွန်မတို့ မဖြန့်ရဲပါဘူး၊ ကျေးဇူးပြုပြီး စိတ်ချပါ…”
မုယွမ်ယောင်က သူတို့အထင်လွဲနေတာမှန်းသိတာကြောင့် ရှင်းပြလိုက်သည်။
“ငါမင်းတို့ကို စွပ်စွဲပြီး သံသယဝင်နေတာမဟုတ်ဘူး၊ အခုတလော ငါတို့မှာ လူနည်းနေတာကြောင့် ပြောနေတာ၊ မင်းတို့ တစ်နေ့လုံးအလုပ်ကြိုးစားကြတယ်၊ အကယ်၍ ငါတို့မှာ လူပိုရှိပြီး အလုပ်တွေခွဲဝေပေးနိုင်ရင် ပိုပြီးကောင်းတာပေါ့”
သူတို့က အနည်းငယ် တုံ့ဆိုင်းနေသေးတာကိုမြင်တော့ မုယွမ်ယောင်က ကျင်းလန်ကို ကြည့်လိုက်သည်။
“မင်းမှာ ညီမရှိသေးတယ်လို့ ကြားတယ်"
“ဟုတ်ပါတယ်၊ သူမကငယ်သေးလို့ အဲ့ဒီတုန်းက သခင်မကျင်းက သူမကို မရွေးခဲ့ဘူး၊ ကံကောင်းစွာနဲ့ သူမခန္ဓာကိုယ်က အားနည်းသေးပြီး ပုံစံကလည်း သိပ်ပြီးမထွားတာကြောင့် ဘယ်မှလည်း အရောင်းမခံဘူး။ ကျွန်မတို့ညီအစ်မနှစ်ယောက်ငွေစုပြီး ရှေ့ရက်ကမှ သူမကို ကျွန်ပွဲစားဆီကနေ ပြန်ဝယ်ထားတာပါ"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...