အပိုင်း ၄၀ / အပိုင္း ၄၀

2.3K 275 0
                                    

Unicode

သူမသည် လမ်းလျှောက်လာရင်း လူတချို့ဈေးညှိနေကြတာကို ရုတ်တရက် ကြားလိုက်ရသည်။

“ခင်များက ဒီလူတစ်ယောက်အတွက် ငွေဒင်္ဂါးနှစ်ဆယ်တောင်းနေတာလား ကျွန်တော်ပြောပါရစေ ချမ်ယာဇီ ခင်များက နည်းနည်းတရားလွန်နေတာမဟုတ်ဘူးလား”

လူကြီးမင်း အနီးကပ်ကြည့်ကြည့်ပါ၊ သူက လူကြီးမင်းမျက်လုံးထဲမှာ တကယ်ပဲ သာမာန်လူတစ်ယောက်နဲ့တူနေသလား။ သူ့ရဲ့ကိုယ်ခန္ဓာပုံပန်းသွင်ပြင်ကို ကြည့်လိုက်ပါဦး သူက ကိုယ်ခံပညာတတ်ကျွမ်းတယ်ဆိုတာ အသိသာကြီး လူကြီးမင်း သူ့ကို ဝယ်မယ်ဆိုရင် လူကြီးမင်းအိမ်အတွက် သေချာပေါက် အစောင့်ကောင်းတစ်ယောက်ဖြစ်လာမှာ”

“သူ့ကြည့်ရတာ ပိန်လှီပြီး‌ နေမကောင်းတဲ့ပုံပဲ သူအခု အချိန်မရွေးသေမသွားနိုင်ဘူးဆိုတာ မင်း အာမခံနိုင်လား။ ဟမ့် ပြီးတော့ သူက ကိုယ်ခံပညာတတ်ကျွမ်းပါတယ်လို့ မင်းကပြောနေသေးတယ်။ မင်းလက်ထဲ အဲ့ဒီငွေဒင်္ဂါးနှစ်ဆယ်ကျလာမှာကိုသာ ဆက်စောင့်နေလိုက်”

“အိုင်းယား လူကြီးမင်း မသွားပါနဲ့ မသွားပါနဲ့ဦး ကျွန်တော်တို့ ဈေးညှိလို့ ရပါသေးတယ် အိမ်း ငွေဒင်္ဂါးဆယ်ပြားဆိုရင်ရော…”

မုယွမ်ယောင်က ထိုမြင်ကွင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမအကြည့်သည် မြေကြီးပေါ်တွင် ခြေနှင့်လက်တုပ်ချည်ခံထားရသောသူဆီ အကြည့်ရောက်သွားတဲ့အခါ သူမခြေလှမ်းတွေကို ရပ်လိုက်မိသည်။ ဒီလူ… ဒီလူ… သူမသည် သူ့ဆီသို့ အမြန်လမ်းလျှောက်သွားပြီး သူ့ကို ပိုပြီးနီးနီးကပ်ကပ်ကြည့်ကြည့်သည်။ ဒါပေမယ့် သူမသည် ချမ်ယာဇီ၏တွန်းထုတ်ခြင်းခံလိုက်ရ၏။

“ဒီသူတောင်းစားက ဘယ်က ရောက်လာတာလဲ သွား ဝေးဝေးထွက်သွားစမ်း”

မုယွမ်ယောင်က ခေါင်းမော့ကြည့်ကာ သူ့ကို ထကန်လိုက်သည်။

“ချမ်ယာဇီ ခင်များမျက်လုံးကန်းသွားပြီလား ကျွန်တော့်ကိုတောင် မမှတ်မိဘူးလား”

ချမ်ယာဇီသည် မုယွမ်ယောင် သူ့ကို ကန်လိုက်တဲ့အခါ ထိတ်လန့်သွားသည်။ သူခေါင်းမော့ပြီး သူမကို သေသေချာချာကြည့်လိုက်ပြီးနောက် တံတွေးမြိုချမိသည်။ စောနက သူသည် သူမကို တစ်ချက်ကလေးပဲကြည့်ပြီး သူမမျက်နှာက ညစ်ပတ်ပေပွနေတာကိုသာ သတိထားမိခဲ့သည်။ ဒါပေမယ့် အခု သူ သေချာကြည့်လိုက်သည့်အခါ ဤကောင်ငယ်လေးက နီမြန်းတဲ့နှုတ်ခမ်းနဲ့ ဖြူဆွတ်နေတဲ့သွားတွေရှိပြီး လှပမည်းနက်တဲ့မျက်ဝန်းအစုံနှင့် မျိုးရိုးမြင့်တစ်ယောက်ရဲ့ကိုယ်ရောင်ကိုယ်ဝါမျိုးရှိတယ်ဆိုတာ သတိထားမိသည်။ သူက သေချာပေါက် သာမာန်ပုဂ္ဂိုလ်တစ်ယောက်ေတာ့မဟုတ်ဘူး။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now