Unicode
အခန်း ၁၁၆ - လက်ဖက်ရည်ဆိုင်အတွက် နေရာရပြီ
“ကျွန်မက ဘာလို့ ဘာမှမလုပ်ဘဲနေရမှာလဲ? ဒီစီးပွားရေးက လူရှိရုံ နေရာရှိရုံနဲ့ပဲ လုပ်လို့ရတာ မဟုတ်ဘူးလေ။ လက်ဖက်ရည်ဆိုင်ဆိုမှတော့ လက်ဖက်ခြောက်တို့၊ ရေတို့အပြင် မိတ်ပေါဖို့လည်း လိုသေးတယ်။ ပြီးတော့ ရှင်က ရှင့်ဘာသာ အလုပ်ရှုပ်နေတော့ လက်ဖက်ရည်ဆိုင်ကို အမြဲတမ်း ကြည့်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ နောက်ဆက်တွဲ ပြဿနာတွေကို ကျွန်မပဲရှင်းရမှာ။ အရေးကြီးဆုံးအချက်က ကျွန်မ ဒါကို ရှင့်ကောင်းကျိုးအတွက် လုပ်ပေးနေတာလေ!”
“ငါ့ကောင်းကျိုးအတွက်! ငါတော့ ဘာလို့မမြင်မိပါလိမ့်?"
“စကားပုံတစ်ခု ရှိတယ်လေ။ လုရှန်းတောင်ရဲ့ ပုံစံအစစ်အမှန်ကိုမသိတဲ့သူ မဖြစ်စေနဲ့တဲ့။ ကျွန်မက တောင်ပေါ်မှာဆိုတော့ အကုန်ချုံငုံပြီး မြင်နေရတယ်။ ရှင်လည်း မြင်အောင်ကြည့်စမ်းပါ”
ယွဲ့ဝမ်က သူ့လူတွေကို ကျင်းနန်မှာ မျိုးစေ့ချထားဖို့အတွက် လက်ဖက်ရည်ဆိုင်ကို သုံးချင်ခဲ့သည်။ သတိမဲ့မှုလေးတစ်ခုက ပြဿနာအကြီးကြီး ဖြစ်စေနိုင်၏။ ကျင်းရှို့ဉယျာဉ်ကိုသာ အပြင်ပန်း လက်ဖက်ရည်ဆိုင်အဖြစ် ဖွင့်ပြီး အတွင်းကနေ သတင်းတွေစုံစမ်းရင် လူတွေရိပ်မိဖို့ မလွယ်နိုင်ပေ။ ဒီလိုဆို ပြဿနာတွေအများကြီး ကာမိသွားလိမ့်မည်။
ယွဲ့ဝမ်ရဲ့မျက်လုံးတွေ လှုပ်ခတ်သွားပြီး မုယွမ်ယောင်ဘက်ကို လှည့်ကာ သူမကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်သည်။ အတန်ကြာမှ သူ့အကြည့်ကို ပြန်ရုတ်သွားပြီး
“၄၀-၅၀ မင်းဝေစုက ၄၀ရာခိုင်နှုန်း!”
“သဘောတူတယ်!”
လေးဆယ်ရာခိုင်နှုန်းပဲ ဆိုပေမယ့် မုယွမ်ယောင်စိတ်ထဲ အလွန်ပျော်ရွှင်သွား၏။ သူမတစ်ယောက်တည်း လက်ဖက်ဆိုင်ဖွင့်မယ်ဆိုလျှင် တစ်နှစ်ကြာရင်တောင် ဒီနေ့ရဲ့ လေးရာခိုင်နှုန်းကို မမီနိုင်ပေ။ ဒါကြောင့် ဒီသဘောတူညီချက်ကို လက်လွှတ်မခံသင့်ဘူး!
အထိန်းတော်ချင်းက အရိပ်နားဆောင်ဆီ မုန့်နှင့် လက်ဖက်ရည်တွေ ယူလာသည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...