အပိုင်း ၉၃ /အပိုင္း ၉၃

1.9K 192 0
                                    

♦️'တော်ဝင်မိန်းမပျို၏ သွေးကလဲ့စား' မှ ထွက်ရှိပြီးစာစဥ်များ♦️

စာစဥ်(၁) • အပိုင်း (၁-၄၂)
စာစဥ်(၂)  • အပိုင်း (၄၃-၈၅)
စာစဥ်(၃) • အပိုင်း (၈၆-၁၀၀)
စာစဥ်(၄) • အပိုင်း (၁၀၁-၁၁၅)
စာစဥ်(၅) • အပိုင်း (၁၁၆-၁၃၀)

💠 စာစဥ်တစ်ခုကို ငွေလွှဲ၃၀၀၊ ဘေ၄၀၀ဖြင့် page chatboxတွင် ဝယ်ယူအားပေးနိုင်ပါပြီ။ တင်ပြီးသားအပိုင်းတွေရဲ့ စာစဥ်တွေကိုတော့ ပို့စ်သပ်သပ်နဲ့ စုတင်ပေးသွားပါမယ်။

အပိုင်း ၉၃

သူတို့တွေ ရွေးချယ်မှု ပြုလုပ်ပြီးသွားကြပြီဆိုတော့ ကျင်းလန်သည် သူသိသူတတ်ပုံစံ ထပ်ပြီး မလုပ်ရဲတော့ချေ။

"သခင်မလေးကို ပြန်ဖြေပါတယ်။ တကယ်တော့ ဒီအစေခံ အနည်းငယ် ခန့်မှန်းကြည့်မိထားတာ ရှိပါတယ်။ အရင်တုန်းဆို သခင်ကျင်းက ကျွန်မတို့ကို စစ်ဆေးဖို့ အစ်မယင်းဟုန်ကို လွှတ်တတ်ပါတယ်။ ဒါပေမယ့် အခုကျ ယင်းဟုန်က ဒီကိုလာရင်တောင် ကျွန်မတို့နဲ့ ခပ်ခွာခွာပဲ နေတယ်။ သခင်မကျင်းက သခင်မလေးကို ကျွန်မတို့အစေခံစာချုပ်တွေ ပေးထားတာများလားဆိုပြီး ဒီအစေခံ အတင့်ရဲစွာ ခန့်မှန်းမိထားတာပါ"

မုယွမ်​ယောင်ကတော့ အတော်လေး ပျော်ရွှင်နေဆဲပင်။ သူမက ကျင်းချောင်ဆီ လှည့်ကြည့်ပြီး မေးလိုက်သည်
"မင်းရော ဒီလိုတွေးမိသလား"

"သခင်မလေးကို ပြန်ဖြေကြားပါတယ်။ ဒီအစေခံက မထက်မြက်ပါဘူး။ ဒါပေမယ့် အစ်မကြီးက တော်တဲ့သူမို့ အစ်မရဲ့ ဆုံးဖြတ်ချက်နောက် လိုက်ချင်ပါတယ်"

ကျင်းချောင်ရဲ့ ရွှတ်နောက်နောက်ပုံစံက အစရှာလို့ မရအောင် ပျောက်နေသည်။ အခုချိန်မှာတော့ သူမက နာခံစွာနှင့် ဒူးထောက်လျက်သား…

မုယွမ်​ယောင်က လက်ဖက်ရည်အိုး တစ်ဝက်လောက်ကို သပ်ရပ်ကျနာစွာ သောက်ပြီးမှ ထိုနှစ်ယောက်ကို ထခွင့်ပေးလိုက်သည်။

"မင်းတို့ ခန့်မှန်းတာ မှန်တယ်။ သခင်မကျင်းက ငါ့ကို မင်းတို့ရဲ့အစေခံစာချုပ်တွေ ပေးပြီးသွားပြီ"

ကျင်းလန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူမ အရဲစွန့်လိုက်တာ မှန်သွားတာပဲ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now