အပိုင်း၁၀၃/အပိုင္း၁၀၃

1.9K 200 2
                                    

အပိုင်း၁၀၃ - ပထမဆုံး ဧည့်သည်

မုယွမ်ယောင်က စိတ်ထဲမထားပေ။

“သခင်မရဲ့ပုံကို လက်ပန်းထိုးပုံစံ အသေးစိတ်ရေးဆွဲဖို့အတွက် စိတ်နေစိတ်ထားကိုပါ သခင်မကျင်းဆီမှာမေးခဲ့သေးတာမို့ ဒီအဝတ်အစားမှာ ထူးခြားတဲ့ လက်ရာတစ်ချို့ပါနေပါတယ်၊ သခင်မ အရင်ဆုံးကြည့်ကြည့်လိုက်ပေါ့၊ အကယ်၍ ဒီဝတ်စုံမှာ မသင့်တော်တာ တစ်ခုခုများရှိခဲ့ရင် အချိန်မရွေးပြောင်းပေးလို့ရပါတယ်”

“မင်းက ကောင်းကောင်းပြင်ဆင်ထားတာဘဲ”

“ဂရုမစိုက်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ငွေရှာနိုင်မှာလဲရှင်။ ဘဝက ခက်ခဲလှပါတယ်၊ တစ်ခါတလေမှာ အဆင်ပြေတယ်လို့ထင်ရပေမယ့် သိပ်ပြီးတော့လည်း မကောင်းနိုင်ပါဘူး။ ကျွန်မလိုပေါ့၊ နီယွင်ဖန်းက အခုလက်ရှိမှာ ရေပန်းစားနေပြီး နာမည်ကြီးနေတဲ့ လက်ပန်းထိုးဆိုင်ဖြစ်နေတယ်၊ အကယ်၍ ကျွန်မတို့က သင့်တင့်ကောင်းမွန်တဲ့ အဝတ်အထည်တွေကို မချုပ်နိုင်ဘူးဆိုရင်တော့ ဖြစ်နိုင်တာက လအနည်းငယ်လေးအတွင်းမှာတင် နီယွင်ဖန်းက ကျင်းလင်မြို့ကနေ ပျောက်ကွယ်သွားပြီး စီးပွားပျက်သွားနိုင်တယ်လေ”

တင်းယွဲ့လန်က မုယွမ်ယောင်ကို လှည့်ကြည့်လိုက်သည်။ မုယွမ်ယောင်က အဝတ်အစားတွေယူဖို့အတွက် အင်္ကျီချိတ်အပေါ်မှာ အာရုံစိုက်နေပြီး သူမ စကားလုံးတွေထဲမှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပာယ် ရှိနေပုံမရချေ။

“သခင်မ ဒီအင်္ကျီကို ကြိုက်ရဲ့လား?”

တင်းယွဲ့လန် မုယွမ်ယောင်ပြတာကိုကြည့်လိုက်‌တော့ ချိတ်ပေါ်ရှိ အနီရောင်ဝတ်စုံကိုမြင်လိုက်ရသည်။ ၎င်းက လူတိုင်းဝတ်သည့်သာမန်ပုံစံမျိုးလည်းမဟုတ်သလို တခမ်းတနား မြင်းစီးဝတ်စုံမျိုးလည်းမဟုတ်ဘဲ ထိုနှစ်မျိုးကြားထဲမှ ပုံစံဖြစ်နေ၏။

ဝတ်စုံတစ်ခုလုံးက အနီရောင်ဖြစ်ပြီး တောက်လောင်နေသည့်မီးတောက်တစ်ခုလို ပူနွေးနေကာ ဘေးမှကြည့်နေသူတွေရဲ့မျက်လုံးတွေကိုပင် လောင်ကျွမ်းပစ်တော့မလိုဖြစ်နေ၏။ လည်ပင်းတစ်လျှောက်နှင့် အင်္ကျီလက်ထောင့်စွန်းတွေမှာ ရွှေရောင်ပိုးချည်များခွေထားပြီး အဝတ်အစားတစ်ခုလုံးက အထူးကောင်းမွန်ကာ ကျက်သရေရှိနေသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now