အပိုင်း ၇၃ / အပိုင္း ၇၃

2.1K 244 6
                                    

Unicode

“ကျွန်မ ကြားတာတော့ သခင်မက ကျင်းလင်မြို့မှာ စားသောက်ဆိုင်လုပ်ငန်း ရှိတယ်ဆိုပေမယ့် ဝမ်ဖုန့်စားသောက်ဆိုင်ကို လူကြိုက်များတာကြောင့် စီးပွားရေးက အဲ့လောက် သိပ်မကောင်းဘူးဆိုပဲ၊ သခင်မရဲ့ စားသောက်ဆိုင်ကို အခုလက်ရှိ ဈေးကွက်ငွေကြေးနဲ့ ငှားရမ်းဖို့ ကျွန်မ စဉ်းစားနေတာ”

မုယွမ်ယောင်က ကျင်းလင်မြို့ရှိ နေရာအားလုံးကို အချိန်အကြာကြီး လေ့လာထားခဲ့တာ ဖြစ်သည်။ နောက်ဆုံးတော့ သူမက နေရာကောင်းမှာ တည်ရှိပြီး သခင်မကျင်းနှင့် ဆက်စပ်နေသည့် ထိုနေရာကို ရွေးချယ်ခဲ့သည်။ အကယ်၍ လရောင်ခြယ်ဆိုင်က သူမကို ပြဿနာ ရှာချင်ရင်တောင် သခင်မကျင်းနဲ့ ဆက်ဆံရေးကြောင့် သူမ၏ စီးပွားရေးက လုံခြုံမည် ဖြစ်သည်။

“အဲ့ဒီ စားသောက်ဆိုင်က အချိန်အကြာကြီး အရှုံးပေါ်နေတာမလို့ အဲ့တာကို ဖယ်ထုတ်ချင်နေခဲ့တာ၊ မင်းလိုချင်တယ် ဆိုတော့လည်း ယူလိုက်လေ၊ မင်း ငှားရမ်းခ အကြောင်း ပြောနေစရာ မလိုဘူး”

အမျိုးသမီးကျင်းက စိတ်သက်သာရာရသလို ခံစားလိုက်ရပြီး အင်အားတချို့ ပြန်ပြီးရရှိလာသည်။ သူမက ယင်းဟုန်ကို လာဖို့ခေါ်လိုက်ပြီး စားသောက်ဆိုင်ရဲ့ စာရွက်စာတမ်းတွေကို ယူလာခိုင်းလိုက်သည်။

“သခင်မ အရင်းနှီးဆုံးဖြစ်တဲ့ ညီအစ်ကိုတွေ ဆိုရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ငွေအပြည့် ပေးချေ ရပါတယ်၊ အဲ့ဒီ စားသောက်ဆိုင်က အရမ်းကောင်းတဲ့ နေရာမှာ ရှိပြီး နှစ်စဉ် ငှားရမ်းခက အနည်းဆုံး ငွေလျန် ထောင်ဂဏန်းလောက် ရှိမှာ၊ အကယ်၍ အဲ့တာကို ကျွန်မအတွက် အလကား ပေးလိုက်မယ်ဆိုရင် ကျွန်မ အိပ်လို့ပျော်မှာ မဟုတ်ဘူး”

မုယွမ်ယောင်က အလွန်လေးနက်သော အပြုံးကို ပြုံးပြလိုက်သည်။ သူမ၏ လေသံက အနည်းငယ် ပိုရင်းနှီးမှုရှိနေပြီး အဆင့်အတန်း ကွာခြားချက်ကိုလည်း မမေ့လျော့ပေ။

အမျိုးသမီးကျင်းက ခဏကြာ တွေးတောပြီးနောက် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဈေးကွက်တန်ဖိုးကို သာမာန်ကာလျှံကာမျှပဲ သဘောထားပါ။ မင်း ငါ့ကို ခုနစ်ဆယ်ရာခိုင်နှုန်းပဲ ပေးလို့ရတယ်၊ ငါ့ကို ထပ်မငြင်းနဲ့တော့ မဟုတ်ရင် ငါ အရမ်း‌ ဒေါသထွက်မိလိမ့်မယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now