အပိုင်း ၁၀၇/အပိုင္း ၁၀၇

1.8K 188 1
                                    

အပိုင်း ၁၀၇ - အောင်မြင်နေသောစီးပွားရေး

မုယွမ်ယောင် နီယွင်ဖန်းသို့ ရောက်ရှိလာချိန် တံခါးတစ်ဝိုက်တွင် လူများစုဝေးနေပြီး ဝင်ရန် ခက်ခဲနေသည်။ သူမအထဲရောက်တော့ ခန်းမထဲမှာ အမျိူးသမီးခြောက်ယောက်နှင့် အလုပ်များနေသော ကျင်းလန်နှင့် နှင့် ကျင်းချောင်တို့ကို တွေ့လိုက်ရသည်။ မုယွမ်ယောင်ကို သတိပြုမိသွားတော့ ကျင်းချောင်က ရှေ့သို့ ပြေးလာပြီး အနည်းငယ် ထိတ်လန့်နေဟန်ဖြင့်

"သခင်မလေး၊ ဒီအမျိုးသမီး ခြောက်ယောက်စလုံးက သူတို့ စိတ်ကြိုက်ပြင်ထားတဲ့ အဝတ်အစားတွေကို မှာချင်နေကြတယ်။ ပြီးတော့ ခုနစ်ရက်အတွင်း အထည်ရဖို့အတွက် ပိုက်ဆံထပ်ပေးနိုင်တယ်ဆိုပြီးလည်း ပြောနေကြတယ်"

သို့သော် သူတို့မှာ ဝန်ထမ်းအင်အားနည်းပါးနေပြီး လက်ရှိတွင်လည်း ကျင်းချိုးနဲ့ ကျင်းကျွီ နှစ်ဦးစလုံးကို ပြန်ပို့ထားတာမို့ ခုနစ်ရက်အတွင်း ထိုမျှသော အဝတ်အစားများကို ပြုလုပ်ရန်မှာ မဖြစ်နိုင်ပေ။ မုယွမ်ယောင်က ခေါင်းညိတ်ပြပြီး အမျိုးသမီးခြောက်ယောက်ကို သွားနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ သခင်မတို့၊ သခင်မ‌တို့ရဲ့ လိုအပ်ချက်တွေက ရှင်းလင်းပေမယ့် နီယွင်ဖန်းဘက်ကလည်း အင်္ကျီပေါ်ရှိတဲ့ ချည်ထိုးသားတိုင်း၊ ပိုးထည်ပုံစံတိုင်းက ပြောင်မြောက်နေဖို့ အကောင်းဆုံး ကြိုးစားလုပ်ပေးမှာမို့ ခုနစ်ရက်အတွင်း အဝတ်အစားတွေအများကြီး မဖန်တီးနိုင်တာ ဒီကသခင်မတွေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်"

တစ်ယောက်က အထင်သေးစွာနဲ့
"သခင်မယန်ကကျ ခုနှစ်ရက်အတွင်း သူ့အဝတ်အစားတွေ ရနိုင်တယ်ဆိုပြီး ငါ ကြားထားတာ။ ငါတို့ ပိုက်ဆံထပ်မပေးနိုင်ဘူးလို့ မင်းထင်နေတာလား။ ငွေနှစ်ရာကိုနည်းတယ်ထင်ရင် ငါတို့က ငွေသုံးရာ ဒါမှမဟုတ် ငါးရာထိတောင် ထပ်ပေးနိုင်တယ် ။ ဘာပဲဖြစ်ဖြစ်၊ ငါတို့အဝတ်အစားတွေ မြန်မြန်ရလေလေ၊ ပိုကောင်းလေပဲ"

မုယွမ်ယောင်၏အပြုံးမှာ ရပ်တန့်သွားခြင်မရှိဘဲ
"ကျင်းလင်မြို့မှာ အရမ်းကောင်းမွန်တဲ့ ပန်းထိုးဆိုင်တွေ အများကြီးရှိပါတယ်။ ကျော်ကြားမှုအရဆို နီယွင်ဖန်းက ချိုင်ယွဲ့ ထက်မသာလွန်နိုင်ပါဘူး။ ဒါပေမယ့် ဒီကသခင်မတို့က ချိုင်ယွဲ့ကို စွန့်ပြီး ကျွန်မတို့ဆီ ရောက်လာခဲ့တာမို့ သခင်မတို့က ကျွန်မတို့ရဲ့လက်ရာကို သဘောကျလို့ဆိုတာ ပြောစရာတောင် မလိုပါဘူး။ အလျင်စလိုချုပ်လို့ ဒီကသခင်မတို့ကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ရင် စောင့်ရတဲ့အချိန်ကလည်း အချည်းနှီးဖြစ်သွားပြီပေါ့.."

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now